ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဟန်ချက်ညီညီ ဖွံဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဟန်ချက်ညီညီ ဖွံဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်












သနပ်ပင်၊ မေ ၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲဝင် ဝန်ကြီးများနှင့်အတူ မေလ(၂)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဟန်ချက်ညီညီ ဖွံဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ အောက်စုကွင်း၌ တစ်ကွင်းတစ်ဆက်တည်းဧက(၅၀)နွေစပါး(၂)သီးစိုက်မှ ဒုတိယသီးနှံနွေစပါးဆိုလာစနစ်ဖြင့် ရေသွင်းစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သနပ်ပင်ဒေသသည် ရေကြီးရေနက်ကွင်းများ ဖြစ်၍ မိရိုးဖလာနွေစပါး(၁)သီးသာ စိုက်ပျိုးခဲ့ရာမှ ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကြိုတင်ပျိုးထောင်စနစ်အသုံးပြုကာ နွေစပါး(၂)သီး စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်၍ အခြားဒေသမှ တောင်သူများ ကိုလည်း ခေါ်ယူပြသ အသိပညာပေးပြီး သီးထပ်စွမ်းအားတိုးတက်အောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် နွေစပါး(၂)သီးစိုက်တောင်သူများနှင့် တွေ့ဆုံ၍ သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့၊ ဘူတာပိုင်းရပ်ကွက်၊ မြရတနာလမ်း ပေါ်ရှိ ဦးအောင်ရွှေ၏ ဆီစက်၊ ဆန်စက်နှင့် ဆန်အခြောက်ခံစက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆီစက်မှ ထွက်ရှိလာသည့် မြေပဲဖတ်များအား တိရစ္ဆာန်အစာထုတ်လုပ်ရောင်းချသွားရန်၊ မြေပဲ၊ ပဲတီစိမ်း နှင့် မတ်ပဲတို့မှ ထွက်ရှိလာသည့် ပဲမှော်များအား သဘာဝမြေဩဇာထုတ်လုပ်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သနပ်ပင်မြို့၊ ကမာစဲကျေးရွာအုပ်စု၌ မွေးမြူရေး လုပ်ငန်းရှင် ဦးဝင်းဗိုလ်၏ ဥစားဘဲကောင်ရေ(၄၀၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဥစားဘဲ အပြင် ဒေသကြက်ကိုလည်း တိုးချဲ့၍ သဘာဝနည်းအတိုင်း မွေးမြူသွားနိုင်ရေး ဆောင်ရွက်ပေးရန်၊ ဒေသတွင်း စားရေရိက္ခာဖူလုံပိုလျှံနိုင်ရေး များများစိုက်၊ များများမွေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် မွေးမြူရေးလုပ်ငန်းများ ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့ရှိ “ထက်ကိုကို” ပန်းပဲနှင့် လယ်ယာသုံးပစ္စည်းအရောင်းဆိုင်သို့ သွားရောက်၍ လယ်ယာသုံးပစ္စည်း မျိုးစုံထုတ်လုပ်နေမှုအား ကြည့်ရှု အားပေးခဲ့ပြီး မိရိုးဖလာထုတ်လုပ်သည့် လယ်ယာသုံးပစ္စည်းများအပြင် ခေတ်မီစက်ကိရိယာများတွင် တပ်ဆင် အသုံးပြုနိုင်သည့် လယ်ယာသုံးပစ္စည်းများ ဆန်းသစ်တိုးချဲ့ထုတ်လုပ်နိုင်ရေး နည်းပညာနှင့် ချေးငွေရရှိရေး၊ ပြည်တွင်းဈေးကွက် ချဲ့ထွင်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)