PDF အကြမ်းဖက်ခေါင်းဆောင် က CDM သူနာပြုဆရာမကို အဓမ္မပြုကျင့်စော်ကားပြီး သေနတ်ဖြင့် ပစ်သတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်ခေါင်းဆောင် က CDM သူနာပြုဆရာမကို အဓမ္မပြုကျင့်စော်ကားပြီး သေနတ်ဖြင့် ပစ်သတ်


ယင်းမာပင်၊ မေ ၂

ယင်းမာခရိုင်တပ်ရင်း-၁၇ မှ PDF အကြမ်းဖက် တပ်ရင်းမှူး ဖိုးစီး(ခ)ဇင်မင်း က CDM သူနာပြုဆရာမ ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကို လိမ်ညာဖုံးကွယ်၍ The 74 Media က တော်လှန်ရေးတပ်ဖွဲ့ဝင်အမျိုးသမီး ကိုယ်ကိုယ်ကို သတ်သေတယ်ဆိုတဲ့ ပုံစံမျိုး ဖန်တီးရေးသားထားသည်။

အဆိုပါ ဖြစ်စဉ်မှာ "သူတိုဖော်ပြထားသလို ကောင်မလေးကို ဖုန်းဆက်ခေါ်တာမလာလို့ ကောင်မလေး အိမ်ထဲဝင်လာပြီး သေနတ်နဲ့ပစ်သတ်တာဆိုတာ မဟုတ်ဘူး။ ဖြစ်စဉ်အမှန်က ဧပြီလ ၃၀ ရက်ညပိုင်းက ယင်းမာခရိုင်တပ်ရင်း-၁၇ က PDF အကြမ်းဖက် တပ်ရင်းမှူး ဖိုးစီး(ခ)ဇင်မင်း ဆိုတဲ့ကောင်က သူ့အောက်က CDM ကျန်းမာရေး ဝန်ထမ်း ကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တယ်။ ကောင်မလေးက အလိုမတူဘဲ မုဒိမ်းပြုကျင့်ခံရတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကျန်တဲ့ ပဒက်တွေသိသွားတော့ ကောင်မလေးကို သေနတ်နဲ့ ၂ ချက်ပစ်ပြီး သတ်လိုက်တယ်။ အဲဒီဖြစ်စဉ် အစအဆုံးကို သူ့အောက်က တခြားပဒက်သိသွားတော့ တပ်ရင်းမှူးဆိုတဲ့ကောင်က ရှက်ရှက်နဲ့ သူ့ကိုယ်သတ်သေသွားတာပဲ။ အဲဒါဖြစ်စဉ်အမှန်ပါ" ဟု ဆိုသည်။

PDF အကြမ်းဖက်ခေါင်းဆောင်များသည် CDM ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်းများကို အလိုမတူ အဓမ္မပြုကျင့် စော်ကား သတ်ဖြတ်မှုများလည်း အလားတူ ဖြစ်ခဲ့ဖူးသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)