ရွှေတောင်မြို့နယ်၊ ရွှေနတ်တောင် စေတီတော်မြတ်ကြီးတွင်သစ်သီးဆွမ်းကပ်လှူပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၊ ရွှေနတ်တောင် စေတီတော်မြတ်ကြီးတွင်သစ်သီးဆွမ်းကပ်လှူပူဇော်ပွဲ ကျင်းပ





ရွှေတောင်၊ မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မယားမာန်အုပ်စု မယားမာန်ကျေးရွာရှိ ရွှေနတ်တောင် စေတီတော်မြတ်ကြီးတွင် ယနေ့နံနက်ပိုင်းက ကျေးဇူးတော်ရှင် မေတ္တာဝါဒီ ရွှေပေါက်ပင်ဆရာတော်ဘုရားကြီး ဦးသောမစာရ ကြီးမှူး၍ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့် အကျိုးတော်ဆောင် ဆရာတော်များ၊ ရွှေနတ်တောင်စေတီတော်မြတ်ကြီး၏ သြဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှပင့်သံဃာတော်များ၊ ရွှေတောင်မြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ဒေသခံဒါယကာ/မ များ ကသစ်သီးဆွမ်းကပ်လှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ 

-အဆိုပါ သစ်သီးဆွမ်းကပ်လှူပူဇော်ပွဲသို့ ရွှေပေါက်ပင်ဆရာတော်ဘုရားကြီးနှင့် ဒါယကာ/မ များ ၊မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော်နှင့် အကျိုးတော်ဆောင် ဆရာတော်များ၊ရွှေနတ်တောင်စေတီတော်မြတ်ကြီး၏ သြဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှပင့်သံဃာတော်များ၊

ရွှေတောင်မြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ဒေသခံဒါယကာ/မ များ  လာရောက်၍ သစ်သီးဆွမ်းကပ်လှူပူဇော်ခြင်း၊ဆရာတော်ကြီးနှင့်ဒါယကာ/မ များမှ ပန်း၊ရေချမ်း၊သစ်သီးဆွမ်းများ ကပ်လှူခြင်း ၊ရေစက်ချတရားနာခြင်း၊မေတ္တာပို့အမျှဝေခြင်း ကောင်းမှု့ကုသိုလ်များပြုလုပ်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)