ဗီယက်နမ်လေကြောင်းလိုင်း ၁၀ခု အိမ်လှည့်ပြန်ခဲ့ရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗီယက်နမ်လေကြောင်းလိုင်း ၁၀ခု အိမ်လှည့်ပြန်ခဲ့ရ


မေ - ၈ ( ကြာသပတေးနေ့ ) 

ဂျာမဏီ၊ ပြင်သစ်၊ အင်္ဂလန် အပါအဝင် ဥရောပနိုင်ငံတွေကို သွားရောက်မယ့် ဗီယက်နမ် လေယာဉ်ပျံတွေက အိန္ဒိယ - ပါကစ္စတန်စစ်ပွဲကြောင့် ရှေ့ဆက်မသွားနိုင်ဘဲ အိမ်ပြန်လာရတယ်လို့ သိရပါတယ်။ အိန္ဒိယက အော်ပရေးရှင်း ဆင်ဒိုး စစ်ဆင်ရေးကို လုပ်ပြီး ပါကစ္စတန် နဲ့ အိန္ဒိယနယ်စပ်က အကြမ်းဖက်သမားတွေရဲ့ စခန်း ၉ ခုကို ဗုံးကြဲ တိုက်ခိုက်နေသလို ပါကစ္စတန်ဘက်ကလည်း အိန္ဒိယဘက်ကို အမြောက်တွေ ဒုံးကျည်တွေနဲ့ ပစ်ခတ်နေပါတယ်။  

ပါကစ္စတန်က အိန္ဒိယကနေ ဖြတ်ပျံသန်းလာတဲ့ ဘယ်လေကြောင်းလိုင်းမဆိုကို သူတို့ရဲ့ လေပိုင်နက်ကို ဖြတ်ပြီး ပျံသန်းခွင့်မပေးသလို ပါကစ္စတန်ကိုကျော်ပြီး အိန္ဒိယဘက်ကိုသွားမယ့် ဘယ်လေကြောင်းလိုင်းကိုမှ သူတို့လေပိုင်နက်ကို ဖြတ်သန်းခွင့် မပြုပါဘူး။ ဒါကြောင့် ပြင်သစ်လေကြောင်းလိုင်း၊ လုဖ်သန်ဇာ၊ မလေးရှားလေကြောင်းလိုင်း၊ ကိုရီးယားလေကြောင်းလိုင်း နဲ့ ထိုင်းလေကြောင်းလိုင်းတွေက သူတို့ ရဲ့ ခရီးစဉ်တွေကို လမ်းကြောင်းပြောင်းပြီး မောင်းနှင်ခဲ့ရပါတယ်။ 


REF: Reuters

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)