မေ - ၈ ( ကြာသပတေးနေ့)
ပါကစ္စတန်နှင့် တင်းမာမှုများ တိုးမြင့်လာပြီးနောက် အိန္ဒိယ၏ ကာကွယ်ရေးကုမ္ပဏီများသည် ၎င်းတို့၏ ဈေးကွက်တန်ဖိုးတွင် ဒေါ်လာ ၅ ဘီလီယံကျော် ထည့်ဝင်ခဲ့ကြောင်း ဘလွန်းဘာဂ် သတင်းဌာန က ဖော်ပြခဲ့သည်။
ပြီးခဲ့သောလက ကက်ရှ်မီးယားတွင် အရပ်သား ၂၆ ဦး သေဆုံးခဲ့သည့် ရက်စက်ကြမ်းကြုတ်သော အစုလိုက်အပြုံလိုက် ပစ်ခတ်မှုနှင့် ဆက်နွှယ်နေသည့် အကြမ်းဖက်သမားများကို ပါကစ္စတန်အစိုးရက ထောက်ခံမှုပေးထားတယ်လို့ အန္ဒိယ အစိုးရက စွပ်စွဲပြီး ဗုဒ္ဓဟူးနေ့ ( မနေ့က) တွင် အိန္ဒိယသည် ပါကစ္စတန်နယ်စပ်ဖြတ်ကျော် “အကြမ်းဖက်အခြေခံအဆောက်အအုံ” နေရာကိုးခုကို ညတွင်းချင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသည်။
အိန္ဒိယကာကွယ်ရေးကုမ္ပဏီဆယ်ခုကို ခြေရာခံသည့် ဈေးကွက်အညွှန်းကိန်းတစ်ခုက ဧပြီလ ၂၂ ရက် အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း “ဒီကုမ္ပဏီတွေဟာ ပိုဆိုးလာတဲ့ ပထဝီဝင်နိုင်ငံရေးအခြေအနေကနေ အကျိုးအမြတ်ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေကြားမှာ ရင်းနှီးမြုပ်နှံမှု ၅ ရာခိုင်နှုန်းလောက် တိုးလာတာကို ပြသနေပါတယ်” သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ၎င်းတို့တွင် အိန္ဒိယပြည်တွင်း အာကာသယာဉ်ကုမ္ပဏီ Hindustan Aeronautics Ltd. နှင့် ဒုံးကျည်ကုမ္ပဏီ Solar Industries India Ltd တို့လည်း ပါဝင်ပါတယ်။
ဗုဒ္ဓဟူးနေ့အထိ၊ မွမ်ဘိုင်းအခြေစိုက် Mazagon Dock Shipbuilders Ltd. သည် ၄.၆% အထိ တိုးမြင့်ခဲ့ပြီး Hindustan Aeronautics သည် ၂% နီးပါး တက်လာခဲ့သည်။ ပါကစ္စတန်နှင့် အခြေအနေ တင်းမာလာမှုကြောင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒါမိုဒီ က ခရိုအေးရှား၊ နယ်သာလန်နှင့် နော်ဝေးနိုင်ငံများသို့သွားရောက်မည့် ခရီးစဉ်များကို ရွှေ့ဆိုင်းထားကြောင်း သိရသည်။ အလားတူအကြောင်းပြချက်ကြောင့်ပင် မော်စကိုတွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲ နှစ် ၈၀ ပြည့်အခမ်းအနားတွင် တက်ရောက်မည့် နိုင်ငံတကာခေါင်းဆောင် များထဲတွင် မိုဒီလည်း ပါဝင်မည်မဟုတ်ပေ။ ယင်းအစား အိန္ဒိယသည် အလှည့်ကျ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဖြင့် ကိုယ်စားပြု တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment