ကတ္တမန္ဒူး၊ မေ ၁၄
နီပေါနိုင်ငံဆိုင်ရာ ၊မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် မေလ ၁၂ ရက်နေ့က ကတ္တမန္ဒူးမြို့၊ ဆွာရမ်ပူ၊ Ananda Kiti Vihar တွင် ကျင်းပပြုလုပ်သည့် Buddha Anniversary Celebration အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ကဆုန်လပြည့်နေ့တွင် မြတ်စွာဘုရားရှင် ဖွား၊ ပွင့်၊ စံ အထိမ်းအမှတ် ဗုဒ္ဓနေ့အဖြစ် နိုင်ငံတော်အဆင့် ကျင်းပခြင်းဖြစ်ပြီး၊ နှစ်စဉ် သမ္မတနှင့် ဝန်ကြီးချုပ်တို့က အလှည့်ကျ တက်ရောက်ခြင်းဖြစ်သည်။ ယခုနှစ်တွင် အခမ်းအနားကို ဝန်ကြီးချုပ် K.P. Sharma Oli နှင့် ဇနီးတို့ တက်ရောက်ခဲ့ပြီး၊ မြန်မာသံအမတ်ကြီးက ဗုဒ္ဓနေ့အထိမ်းအမှတ် ပူဇော်စကား ပြောကြားခဲ့သည်။
ထို့အပြင် သံအမတ်ကြီးသည် မေလ ၂ ရက်နေ့ တွင် နီပေါလွှတ်တော် အဆောက်အဦတွင် ကျင်းပသော သမ္မတ၏ လွှတ်တော်အဖွင့်မိန့်ခွန်းပြောကြားပွဲ နှင့် မေလ ၉ ရက်နေ့တွင် Nepali Supreme Court ကို ၁၉၅၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော နေ့ကို ဂုဏ်ပြုကျင်းပသည့် Law Day 2025 အခမ်းအနားတို့ကို တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားများသို့ သမ္မတ၊ ဒုတိယသမ္မတ နှင့် ဝန်ကြီးချုပ်တို့ တက်ရောက် ခဲ့ကြသည်။
သံအမတ်ကြီးသည် မေလ ၁၀ ရက်နေ့တွင် International Federation of Journalists-IFJ နှင့် Nepal Press Union-NPU တို့ ပူးပေါင်းဆောင်ရွက်သည့် Lomanthang International Media Summit ကို တက်ရောက်ခဲ့ပြီး၊ အခမ်းအနားသို့ ဒုတိယသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး နှင့် ဆက်သွယ်ရေးနှင့် အချက် အလက် နည်းပညာဝန်ကြီးတို့ တက်ရောက်ခဲ့ကြသည်။ ၃ ရက်တာ ကျင်းပသည့် ထိပ်သီး အစည်း အဝေးတွင် ဒီမိုကရေစီ၊ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ရာသီဥတုအန္တရာယ် ခေါင်းစဉ်များကို အဓိက ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment