နေပြည်တော်၊ မေ ၁၄
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရန်အတွက် Prefabricated House များ ဆောက်လုပ်မည့်နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက Prefabricated House အဆောက်အအုံများ စနစ်တကျနေရာချထားပြီး ရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျဆောင်ရွက်ရေး၊ ကူးစက်ရောဂါများမဖြစ်ပေါ်စေရေးအတွက် လိုအပ်သည့်အစီအမံများ ကြိုတင်ဆောင်ရွက်ထားရေး၊ မိုးမကျမီ အပြီးဆောက်လုပ်ထားရှိနိုင်ရေး၊ လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ အချိန်မီဆောင်ရွက်ကြရေးနှင့် ဆောက်လုပ်ပြီးစီးသည့် နေအိမ်များတွင် ဝန်ထမ်းများ စည်းကမ်းတကျနေထိုင်ရေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment