အခြေခံပန်းချီသင်တန်းဆင်းပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပန်းချီသင်တန်းဆင်းပွဲကျင်းပပြုလုပ်

 




ဗိုလ်တထောင်  ၊  မေ ၂


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် Community Centre ခန်းမ၌ ဧပြီ ၃၀ ရက်နေ့ နေ့လယ်မွန်းလွှဲ ၁ နာရီအချိန်က အခြေခံပန်းချီသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားပြီး သင်တန်းတွင် ဆုရရှိသော သင်တန်းသားသင်တန်းသူများအား မြို့နယ်ဦးစီးအရာရှိဒေါ်ခင်ဝင်းကြည်နှင့် သင်တန်းနည်းပြဆရာမမေ(ရန်ကုန်) စာရေးဆရာမမေမြတ်စန္ဒာတို့က ဆုများအသီးသီးပေးခဲ့ကြသည်။


ထို့နောက်သင်တန်းနည်းပြ ဆရာမမေ(ရန်ကုန်)နှင့် စာရေးဆရာမ မေမြတ်စန္ဒာတို့အား ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး အလှူရှင်ဒေါ်မေမြတ်နိုင်နှင့် ဒေါ်အိမြတ်ဝင်းထွဋ်တို့က အအေးနှင့်အာဟာရကိတ်မုန့်များအား သင်တန်းသား/သင်တန်းသူများကိုဖြန့်ဝေလှူဒါန်းခဲ့ပြီး သင်တန်းသား/သင်တန်းသူများနှင့် အမှတ်တရမှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့ကြပြီး သင်တန်းဆင်းပွဲအခမ်းအနားပြီးမြောက်ကြောင်း သတင်းရရှိပါသည်။   


 ခင်ဝင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)