မေ - ၂ ( သောကြာနေ့ )
သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ဒုတိယသက်တမ်းအတွင်း အစိုးရမူဝါဒများကို မကြိုက်သဖြင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် တောင်းဆိုချက်ကို ကိုယ်စားပြုတဲ့ ဆန္ဒပြပွဲကို အမေရိကန် နိုင်ငံတစ်ဝှမ်းမှာပြုလုပ်ခဲ့ပါတယ်။ အဲ့ဒိလှုတ်ရှားမှုကို ၅၀၅၀၁ လို့ နာမည်ပေးထားပါတယ်။ အမေရိကန် ပြည်နယ် ၅၀ အတွင်း ဆန္ဒပြပွဲ ၅၀ ကို မေလ ၁ ရက်နေ့ ( နိုင်ငံတကာအလုပ်သမားနေ့) တွင် ပြုလုပ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။
“၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်၊ အမေရိကန်တစ်ဝှမ်းရှိ မြို့ကြီးများတွင် စီစဉ်ပေးခဲ့ကြသော အလုပ်သမားများ၏ အမွေအနှစ်များကို ဂုဏ်ပြုသောအားဖြင့် ၈ နာရီကြာဆန္ဒပြမှုကို ကြိုးပမ်းဆောင်ရွက်သွားကြပါမယ်။ Trump အုပ်ချုပ်ရေးယန္တရား အီလွန်မက်စ် နှင့် စည်းစိမ်ဥစ္စာလိုလားသော မူဝါဒများကို ကာကွယ်ရန် ကြာသပတေးနေ့ ဆန္ဒပြပွဲများကို "အမျိုးသားစည်းလုံးညီညွတ်ရေးနေ့" ဟု ခေါ်ဆိုခဲ့ပါတယ်။
၁၈၈၀ ခုနှစ်များအတွင်း စတင်ခဲ့သော အဆိုပါနေ့သည် အလုပ်ချိန် ရှစ်နာရီနှင့် အခြားမရှိမဖြစ်လိုအပ်သော အလုပ်သမားကာကွယ်မှုများအတွက် တိုက်ပွဲဝင်ခဲ့ကြသော အမေရိကန် အလုပ်သမားများ၏ ကြိုးပမ်း အားထုတ်မှု အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။ မေဒေးနေ့ သည် အမေရိကန်တွင် တရားဝင်ရုံးပိတ်ရက် မဟုတ်သော်လည်း ကနေဒါ နဲ့ ဥရောပ လို နိုင်ငံအများအပြားတွင် မေဒေးနေ့ သည် ဆန္ဒပြပွဲများ၊ ချီတက်ပွဲများနှင့် အလုပ်သမားအခွင့်အရေးများကို အဓိကထားလုပ်ဆောင်သည့် နိုင်ငံရေးလှုပ်ရှားမှုများအတွက် အဓိကရက်စွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။
REF: Time Now
https://t.me/MyanmarNationalPost
No comments:
Post a Comment