ငလျင်ဒဏ်နှင့် သဘာဝဘေးအန္တရာယ်သင့်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့သ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဒဏ်နှင့် သဘာဝဘေးအန္တရာယ်သင့်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့သ


ရန်ကုန်၊ မေ ၂

မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီကကြီးမှူး ကျင်းပသည့် ငလျင်ဒဏ်နှင့် သဘာဝဘေးအန္တရာယ် သင့်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းအစီအစဉ်ကို ယမန်နေ့က ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ မက်သဒစ်အင်္ဂလိပ်အသင်းတော် ဘုရားရှိခိုးကျောင်း၌ ကျင်းပသည်။

ဆုတောင်းခြင်းအစီအစဉ်သို့ မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီအဖွဲ့ခေါင်းဆောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အဖွဲ့ဝင် ဒေါက်တာ မောင်မောင်နိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က အမှာစကားပြောကြားသည်။

ထို့နောက် အစီအစဉ်အတိုင်း သမ္မာကျမ်းစာဖတ်ကြားခြင်း၊ ဓမ္မဒေသနာရွတ်ဖတ်ခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်းတို့ ဆောင်ရွက်ပြီး ငြိမ်းချမ်းရေးစကားများ ပြောကြားကြသည်။

ယင်းနောက် မန္တလေးငလျင်ကြောင့် ငလျင် ဘေးသင့်ပြည်သူများအပါအဝင် ပြည်တွင်း  ပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ စေတနာရှင်အလှူရှင်များ၊ အသင်းတော်အဖွဲ့အစည်းအသီးသီးတွင် ကူညီဆောင်ရွက်ပေးကြသူများ၊ ဆေးအဖွဲ့များ၊ ပြန်လည်ထူထောင်ရေးအတွက် ပါဝင်ကူညီပံ့ပိုးပေးကြသူများ၊ သဘာဝဘေးအခက်အခဲကြုံတွေ့တိုင်း ပေးလှူကူညီခဲ့ကြသည့် အလှူရှင်များ၊ အမိမြန်မာပြည်နှင့် ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာများ ပို့သကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)