နေပြည်တော်၊ မေ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ၂၄-၅-၂၀၂၅ ရက်နေ့က ကျိုင်းတုံမြို့နယ်ရှိ ရှမ်းပြည်နယ် (အရှေ့ပိုင်း) စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဦးစီးဌာနအလိုက် တာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဒေသဝမ်းစာဖူလုံရေး၊ ဈေးကွက်လိုအပ်ချက်ရှိသည့် သီးနှံများတိုးချဲ့စိုက်ပျိုးရေး၊ ရေမြေရာသီ ဥတုအခြေအနေပေးသည့် စိုက်ပျိုးဧရိယာများ သီးထပ်စွမ်းအားမြှင့်တင်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေပြီး ဈေးကွက်ဝင်အမယ်သစ်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးအတွက် ဌာနတောင်သူနှင့် လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ရေး၊ မြေယာအသုံးချမှုကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်၏ကျေးဇူးသစ္စာစောင့်သိသော နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ကြိုးပမ်းသွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment