ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ သမ္မတဟောင်းနှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်းဖြစ်သူ H.E. Mr. Tran Duc Luong ကွယ်လွန်သွားခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ သမ္မတဟောင်းနှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်းဖြစ်သူ H.E. Mr. Tran Duc Luong ကွယ်လွန်သွားခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး


ရန်ကုန်၊ မေ ၂၆

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ သမ္မတဟောင်းနှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်းဖြစ်သူ H.E. Mr. Tran Duc Luong သည် ၂၀၂၅ ခုနှစ် မေ ၂၀ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းအတွက် ရန်ကုန်မြို့ကမာရွတ်မြို့နယ် သီရိမင်္ဂလာလမ်း လမ်းသွယ် (၁) အမှတ်၄၀ (အေ) ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ၂ နာရီ ၁၅ မိနစ်တွင် ဗီယက်နမ်နိုင်ငံသံရုံးသို့ သွားရောက်လက်မှတ်ရေးထိုးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် ဗီယက်နမ်နိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများအား သံရုံးဧည့်ခန်းမ၌ ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတဟောင်းနှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်း ကွယ်လွန်ခဲ့ခြင်းအပေါ် ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားပြောကြားပြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးသည်။

H.E. Mr. Tran Duc Luong သည် ဗီယက်နမ်နိုင်ငံ၏ သမ္မတအဖြစ် ၁၉၉၇ ခုနှစ်၊ စက်တင်ဘာလ မှ ၂၀၀၆ ခုနှစ် ဇွန်လအထိ တာဝန်ထမ်းဆောင်ခဲ့ ပြီး ကွယ်လွန်ချိန်တွင် အသက် (၈၈) နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)