မြို့သစ်မြို့နယ်၌ နွေသီးနှံအဖြစ် စိုက်ပျိုးထားသည့် နွေနှမ်းခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့သစ်မြို့နယ်၌ နွေသီးနှံအဖြစ် စိုက်ပျိုးထားသည့် နွေနှမ်းခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ




မြို့သစ်  ၊ မေ  ၂၇


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေနှမ်းစိုက်ပျိုးရန် (၁၈၈၁)ဧကလျာထားခဲ့ပြီး နွေနှမ်းဧက(၄၀၉၂)ဧကအထိ ကျော်လွန်စိုက်ပျိုးနိုင်ကာ စိုက်ပျိုးထားသည့် နွေနှမ်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


မြို့သစ်မြို့နယ်တွင်   တောင်သူများနွေနှမ်းစိုက်ပျိုးရာတွင် ရေရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့်  နတ်မောက်ဆည်ရေလှောင်တမံမှ (၁၂၆၇) ဧက၊ ပုလင်း ဆည်ရေလှောင်တမံမှ(၄၀)ဧက၊ စွန်ဆည်ရေလှောင်တမံမှ(၁၅၄၂)ဧက၊ ဆဒ္ဒန်ဆည်ရေလှောင်တမံမှ(၁၂၄၃)ဧက စုစုပေါင်း (၄၀၉၂)ဧကအထိ ရေပေးဝေနိုင်ခဲ့ကြောင်း သိရသည်။


မြို့သစ်မြို့နယ်တွင် နွေနှမ်းစိုက်ပျိုးရာသီ၌ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေးနှင့်စိုက်ပျိုးသည့် နည်းစနစ်မှန်ကန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ လိုအပ်သည့် နည်းပညာပေးခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သန်းဝင်းထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)