လီဗာပူး ပရိသတ်တွေကို ကားနဲ့ ဝင်တိုက်တဲ့ ဖြစ်စဉ်က အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်နေတာ မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့ကဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လီဗာပူး ပရိသတ်တွေကို ကားနဲ့ ဝင်တိုက်တဲ့ ဖြစ်စဉ်က အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်နေတာ မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့ကဆို


မေ - ၂၇ ( အင်္ဂါနေ့ ) 

မေလ ၂၆ ( တနင်္လာနေ့) က အောင်ပွဲခံ လီဗာပူးအသင်းကို စောင့်ကြည့်အားပေးနေတဲ့ လူအုပ်ကြီးထဲကို ကားနဲ့ ဝင်တိုက်ခဲ့လို့ လူ ၄၇ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။  အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး မာဆေးဆိုက် ရဲတပ်ဖွဲ့က ဖြစ်စဉ်က အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ လက်ချက်မဟုတ်ပါဘူး လို့ ရှင်းလင်းသွားပါတယ်။ 

လီဗာပူးအသင်း ပရီမီးယားလိဂ်ဖလား ရယူနိုင်ခဲ့တာကြောင့် ပရိသတ်တွေက အောင်ပွဲခံတဲ့အနေနဲ့ မြို့လယ်က ဝါးတားလမ်းတစ်လျှောက်မှာ ချီတက်ခဲ့ကြပါတယ်။ အသက် ၅၃ နှစ်အရွယ် လူဖြူတစ်ယောက်က အဲ့ဒိလူအုပ်ကြီး ထဲကို ကားနဲ့ အရှိန်းပြင်းစွား ဖြတ်မောင်းသွားခဲ့လို့ ကားတိုက်ခံရပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။ ကားသမားက လူအုပ်ကြီးကို တိုက်ပြီးပြေးသွားပေမဲ့ ရဲတွေက အချိန်မီဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။ 

အဲ့ဒိဖြစ်စဉ်နဲ့ပတ်သက်ပြီး အွန်းလိုင်းပေါ်မှာကောလဟလမျိုးစုံထွက်ပေါ်နေရာ ရဲတပ်ဖွဲ့ ယာယီလက်ထောက် အကြီးအကဲ ဂျန်နီဆင်မ်က “လူတွေက ဆိုရှယ်မီဒီယာတွေ မှာ သတင်းမှားတွေ မတင်ဖို့ ၊ ထင်ကြေးတွေ မရေးဖို့ ၊ နောက်ပြီး အဲ့ဒိသတင်းကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားအောင် မဖြန့်ဝေကြဖို့ပဲ အရေးကြီးပါတယ်” လို့ ပြောသွားပါတယ်။ "ဒါဟာ သီးခြားဖြစ်ရပ်တစ်ခုလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်၊ ပြီးတော့ အဲဒါနဲ့ပတ်သတ်ပြီး တခြားဘယ်သူကိုမှ လောလောဆယ် ရှာမတွေ့သေးပါဘူး။ ဒီအဖြစ်အပျက်ကို အကြမ်းဖက်ဝါဒအဖြစ် မမှတ်ယူပါဘူး" လို့လည်းပြောသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)