ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin)အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့်နေရာများ ရှာဖွေဖော်ထုတ်နိုင်ရေး ပထမအကြိမ် ပဏာမစူးစမ်းလေ့လာခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြမည့်ပူးပေါင်းအဖွဲ့အား စခန်းချအောင်နိုင်ရေးအလံ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin)အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့်နေရာများ ရှာဖွေဖော်ထုတ်နိုင်ရေး ပထမအကြိမ် ပဏာမစူးစမ်းလေ့လာခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြမည့်ပူးပေါင်းအဖွဲ့အား စခန်းချအောင်နိုင်ရေးအလံ ပေးအပ်


နေပြည်တော်၊ မေ ၂၇

ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin) အတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့်နေရာများ ရှာဖွေဖော်ထုတ်နိုင်ရေး ပထမအကြိမ်ပဏာမစူး စမ်းလေ့လာခြင်းလုပ်ငန်းကွင်းဆင်း ဆောင်ရွက်ကြမည့် ပူးပေါင်းအဖွဲ့များအား တွေ့ဆုံအားပေးခြင်းနှင့် စခန်းချအောင်နိုင်ရေး အလံပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က စွမ်းအင် ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဘူမိဗေဒပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က မိမိတို့နိုင်ငံအတွင်း ကုန်းတွင်းအနည်ကျချိုင့် ဝှမ်း ၁၄ ခုရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကောင်းစွာ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း မပြုလုပ် ရသေးသည့် အနည်ကျချိုင့်ဝှမ်း ကိုးခုရှိပါကြောင်း၊ ၎င်းတို့အနက်မှ ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin)တွင် ယခုကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကွင်းဆင်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်စေရန်အတွက် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့မှ ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်လည်းကောင်း၊ ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ မြန်မာနိုင်ငံ အင်ဂျင် နီယာကောင်စီနှင့် မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပါကြောင်း၊ ၎င်းဆွေးနွေးမှုများမှတစ်ဆင့် နယ်ပယ်စုံမှပါဝင်သည့် “စွမ်းအင်ကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ပြီး ယခုကဲ့သို့ “University - Industry - Research & Development Tripartite Collaboration” ပုံစံ ဖြင့် ပူးပေါင်းဆောင်ရွက်စေခဲ့ ခြင်းဖြစ်ပါကြောင်း၊ ယခင်ကကုန်းတွင်းရေနံမြေများ ရှာဖွေဖော်ထုတ်ရာတွင် အနေအထား ဘူမိဗေဒ (Structural Geology) လေ့လာရန်အတွက် ကောင်းကင်ဓာတ်ပုံ (Aerial Photo) များကိုသာ အသုံးပြုခဲ့ရပြီး ယခုအခါ တိုးတက်လာသည့် Remote Sensing နည်းပညာများကို အသုံးပြုပြီး Satellite Image များကို အသုံးပြုလာနိုင်သဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေရာတွင် အထောက်အကူပြုလာနိုင်ပြီး ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုကွင်းဆင်းလေ့လာခြင်းသည် ပဏာမစူးစမ်း လေ့လာခြင်း အဆင့်သာဖြစ်ပြီး ဆက်လက်၍ အသေးစိတ် ထပ်မံလေ့လာဆန်းစစ်ခြင်းများ ဆောင်ရွက်သွားစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကွင်းဆင်းလေ့လာမှုများအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါကြောင်း၊ အခက်အခဲများကြားမှရရှိလာသည့် အခွင့်အရေးကို အကျိုးရှိရှိအသုံးချ၍ နိုင်ငံတော်အတွက် အဖိုးထိုက်တန်သော ရေနံမြေသစ်တစ်ခု ရှာဖွေဖော်ထုတ်နိုင်မည့် ကွင်းဆင်းလေ့လာမှုမှတ်တမ်း (Field Report) တစ်ခုရရှိအောင် အတူတကွပူးပေါင်းဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ရန်ကုန်တက္ကသိုလ်ဘူမိဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)တို့က ကွင်းဆင်းဆောင်ရွက်ကြမည့် ပူးပေါင်းအဖွဲ့အား လိုအပ်သည်များမှာကြားပြီး ပြည်ထောင်စုဝန်ကြီးက ကွင်းဆင်းဆောင်ရွက် ကြမည့် ပူးပေါင်းအဖွဲ့အား စခန်းချအောင်နိုင်ရေး အလံပေးအပ်ပြီး စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ကာအမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)