ရုရှားက ထွက်သွားတဲ့ စီးပွားရေး လုပ်ငန်းတွေ ခိုးပြီး ပြန်လာနေကြပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားက ထွက်သွားတဲ့ စီးပွားရေး လုပ်ငန်းတွေ ခိုးပြီး ပြန်လာနေကြပြီ


မေ - ၁၀ ( စနေနေ့ ) 

လွန်ခဲ့သည့် သုံးနှစ်က ရုရှားမှ ထွက်ခွာသွားသော နိုင်ငံခြားစီးပွားရေး လုပ်ငန်းများသည် ရုရှားနိုင်ငံ၏ ဈေးကွက်အတွင်းသို့ တိတ်တဆိတ် ပြန်လည်ရောက်ရှိလာကြောင်း သမ္မတ ဗလာဒီမာပူတင်၏ ရင်းနှီးမြှုပ်နှံမှု အထူးကိုယ်စားလှယ် ကီရေး ဒီမီထရေ့ဗ် က ပြောကြားခဲ့ပါတယ်။ 

၂၀၂၂ခုနှစ် ယူကရိန်းပဋိပက္ခ ပြင်းထန်လာပြီးနောက် အနောက်နိုင်ငံများက မော်စကိုအပေါ် မကြုံစဖူး ပိတ်ဆို့အရေးယူမှုများကြောင့်လည်းကောင်း ထောက်ပံ့ရေးပြဿနာများကြောင့်လည်းကောင်း အမေရိကန်၊ ဥရောပနှင့် အာရှကုမ္ပဏီများသည် ရုရှားနိုင်ငံမှ နုတ်ထွက်ခဲ့ကြပါတယ်။ အခြားကုမ္ပဏီများကလည်း ဆင့်ပွားပိတ်ဆို့အရေးယူမှုများနဲ့  ဖောက်သည်တွေရဲ့ ဖိအားများ ရင်ဆိုင်ရနိုင်ခြေရှိသောကြောင့် ထွက်ခွာသွားကြပါတယ်။ 

ပြီးခဲ့တဲ့မတ်လက သမ္မတပူတင်သည် ပြည်တွင်းထုတ်လုပ်သူများကို အကာအကွယ်ပေးနိုင်ရန် နိုင်ငံ၏စျေးကွက် သို့ ပြန်လည်ဝင်ရောက်လိုသည့် အနောက်နိုင်ငံကုမ္ပဏီများအတွက် ရှင်းလင်းတင်းကျပ်သော စည်းမျဉ်းများ ရေးဆွဲရန် အစိုးရအား အမိန့်ပေးခဲ့ပါတယ်။ 

"လမ်းကြောင်းပေါ်ရောက်နေတယ်၊ တချို့လုပ်ငန်းတွေက ပြန်စနေပြီဆိုတာကို ကျွန်တော်တို့ မြင်ပါတယ်။ သူတို့တွေက လူသိရှင်ကြားမထုတ်ဖော်သေးပါဘူး။ ဒါပေမယ့် လုပ်ငန်းစဉ်ကို သေချာပေါက် လုပ်ဆောင်နေပါတယ်" လို့ ဒီမီထရေ့ဗ် က သတင်းထောက်များအား ကြာသပတေးနေ့တွင် ပြောကြားခဲ့ပါတယ်။ 

ပိတ်ဆို့အရေးယူမှုများ အများအပြားရှိနေသော်လည်း ရုရှားတွင် ဆက်လက်လည်ပတ်နေသည့် အမေရိကန် ကုမ္ပဏီ ၁၅၀ ကျော်၏ ကိုယ်စားလှယ်များနှင့် မကြာသေးမီက တွေ့ဆုံခဲ့ကြောင်း ဒီမီထရေ့ဗ် က ပြောကြားခဲ့ ပါတယ်။

“ရုရှားဟာ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံတဲ့ တာဝန်ရှိတဲ့ မိတ်ဖက်တွေအပေါ် အမြဲတမ်း အပြုသဘောဆောင်တဲ့ သဘောထားရှိပါတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။ ရင်းနှီးမြှုပ်နှံမှု အထူးသံတမန်၏ အဆိုအရ အမေရိကန် စီးပွားရေးလုပ်ငန်းများသည် ရုရှားဈေးကွက်မှ ထွက်ခွာခြင်းမှ ဒေါ်လာ ဘီလျံ ၃၀၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒီမီထရေ့ဗ် သည် ဧပြီလ အစောပိုင်းက ဝါရှင်တန်သို့ သွားရောက်ခဲ့ပြီး ရှားပါးသတ္ထုများနှင့် စွမ်းအင်ကဏ္ဍတွင် အလားအလာရှိသော ပူးတွဲရင်းနှီးမြှုပ်နှံမှု ပရောဂျက်များကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)