မန္တလေးငလျင်ဒဏ်သင့် ညောင်ရွှေမြို့နယ် အင်း‌လေးဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် တာဝန်ရှိသူများမှ ကွင်းဆင်းကြီးကြပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးငလျင်ဒဏ်သင့် ညောင်ရွှေမြို့နယ် အင်း‌လေးဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် တာဝန်ရှိသူများမှ ကွင်းဆင်းကြီးကြပ်





ညောင်ရွှေ၊ မေ ၁၀

၂၀၂၅-ခုနှစ်၊ မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း လူထိခိုက်သေဆုံးမှုများနှင့် သာသနိက အဆောက်အအုံများ၊ လူနေအိမ်အဆောက်အုံများ ပြင်းထန်စွာထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထိုသို့ ငလျင်ဒဏ်ကို ပြင်းထန်စွာထိခိုက်ခံစားခဲ့သူများကို နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာမှ အလှူရှင်များ၊ အသင်းအဖွဲ့များ၊ ‌စေတနာရှင်အလှူရှင်များက လိုအပ်သည့်ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှုများကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျရှိစေရန်နှင့် အချိန်မီဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် ငလျင်ဘေးဒဏ်ရှေ့တန်းစခန်းများဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

အင်းလေးဒေသအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေပေါင်း (၂၈၉၂)အိမ် ရှိသည့်အနက် ယနေ့အထိ အပျက်အစီးဖယ်ရှားရှင်းလင်း ပြီးစီးမှု(၁၃၅၀)အိမ်၊ တည့်မတ်ပြုပြင်ပြီးစီးမှု (၆၀၇)အိမ်၊ အသစ်ပြန်လည်တည်ဆောက်ပြီးစီးမှု (၂၅၆)အိမ်ရှိခဲ့ပြီး ကျန်ရှိနေသေးသည့် နေအိမ်များကိုလည်း စနစ်တကျဖယ်ရှားရှင်းလင်းခြင်း၊ တည့်မတ်ပြုပြင်ခြင်းနှင့် အသစ်ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုပ်အားဒါနရှင်များ၏ စုပေါင်းလုပ်အားများ၊ စက်ယန္တယားကြီးများဖြင့် ဆောင်ရွက်လျက်ရှိရာ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့်တာဝန်ရှိသူများ၊ ညောင်ရွှေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


စိုင်းအယ်ဘဲ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)