မေ - ၂၄ ( စနေနေ့ )
အမေရိကန်က နိုင်ငံပေါင်း ၉၀ ကျော်ကို ကုန်သွယ်ရေး စစ်ပွဲဆင်နွဲပြီးနောက် စေ့စပ်ညှိနှိုင်းမှုတွေ ပြန်လုပ်ပြီး ကုန်သွယ်ခွန်များကို ပြန်လည်လျှော့ချမှုတွေ လုပ်နေပေမဲ့ ဥရောပနိုင်ငံတွေနဲ့ ပတ်သက်လာရင်တော့ ကုန်သွယ်မှု ပြန်လည်ညှိနှိုင်းခြင်းကို မလုပ်ပါဘူး။
လာမယ့်ဇွန်လ ၁ ရက်နေ့ကနေ စပြီးတော့ ဥရောပသမဂ္ဂ( အီးယူ)က နေပြီးတော့ အမေရိကန်ကို တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို ၅၀% စတင်ကောက်ခံရမယ် ဆိုပြီး အမိန့်ထုတ်လိုက်ပါတယ်။ အမေရိကန်နိုင်ငံအတွင်း မှာလာပြီး ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကိုတော့ အခွန်ကောက်ခံမှု မလုပ်ပါဘူးလို့လည်း ဆိုပါတယ်။
အီးယူနဲ့ အမေရိကန်တို့ ကုန်သွယ်မှုမှာ အမေရိကန်က နှစ်စဉ် ကန်ဒေါ်လာ သန်း ၂၅၀ ကျော် အရှုံးပေါ် နေပါတယ်။ အဲ့ဒါကို ကာကွယ်နိုင်ဖို့အတွက် အီးယူသွင်းကုန်တွေပေါ်မှာ အမေရိကန်က အခွန်းတိုး ကောက်လိုက်တာပဲ ဖြစ်ပါတယ်။
ထရမ့်ကတော့ အီးယူက အမေရိကန်အပေါ် မမျှမတတဲ့ ကုန်သွယ်မှုတွေ လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။
REF: truth social
https://t.me/MyanmarNationalPost
No comments:
Post a Comment