တာမွေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများနှင့် ဝန်ထမ်းမိသားစုများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ဆက်လက်ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများနှင့် ဝန်ထမ်းမိသားစုများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်






တာမွေ၊ မေ  ၇

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ ရန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ရောက်ရှိနေသည့် ပြည်သူများနှင့် ဝန်ထမ်းမိသားစုများအား အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သော ‌ဒုတိယအကြိမ် ထောက်ပံ့ငွေများ ဆက် လက်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဒုတိယအကြိမ် ထောက်ပံ့ငွေများအား ယာယီနေရပ်စွန့်ခွာ၍ တာမွေမြို့နယ်၌ ရောက်ရှိနေသည့် ပြည်သူများနှင့် ဝန်ထမ်းမိသားစုများ လက်ဝယ်အရောက် ပေးအပ်ရာတွင် တာမွေ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဝင်များက မြို့နယ်အတွင်း ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် ဝန်ထမ်းမိသားစု များထံ တစ်ဦးလျှင်တစ်လ ထောက်ပံ့ငွေကျပ်နှစ်သောင်းနှုန်းစီဖြင့် ၂၀၂၅-ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လ နှစ်လစာအတွက် တစ်ဦးလျှင် ငွေကျပ်လေးသောင်းအား နေရပ်စွန့်ခွာ ပြည်သူများနှင့်  ဝန်ထမ်းမိသားစုများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် သို့ ယာယီနေရပ်စွန့်ခွာ၍ ရောက်ရှိနေသည့် ပြည်သူများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်း လူဦးရေ (၁၂၄၁)ဦးရှိ၍ ယနေ့နံနက်ပိုင်းတွင် ယာယီနေရပ်စွန့်ခွာ၍ ရောက်ရှိနေသည့် ပြည်သူများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်းလူဦးရေ(၇၉၇)ဦးကို လက်ဝယ်အရောက် ဒုတိယအကြိမ် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ယာယီနေရပ်စွန့်ခွာ၍ ရောက်ရှိနေသည့် ပြည်သူများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်းလူဦးရေ(၄၄၄)ဦးကို လက်ဝယ်အရောက် ဒုတိယအကြိမ် ထောက်ပံ့ ငွေများ အသီးသီးပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ထောက်ပံ့ငွေ ကိုယ်တိုင်လာရောက်မထုတ်ယူနိုင် သည့် ပြည်သူများကိုလည်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အိမ်တိုင်ရာရောက် လိုက်လံပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)