မေ - ၇ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) က နိုင်ငံတွင်းရှိ အရာရှိများကို ပစ်မှတ်ထား၍ လူသစ်စုဆောင်းရေး ဗီဒီယိုများကို ထုတ်ပြန်ခြင်းဖြင့် “နိုင်ငံရေး ရန်စခြင်း” ကို ကျူးလွန်နေသည်ဟု ဘေဂျင်းအစိုးရက ၎င်းအေဂျင်စီကို စွပ်စွဲလိုက်ပါတယ်။
အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ လင်းဂျီယံ က “အခြားနိုင်ငံတွေရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူဖို့၊ သူတို့ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး အဖျက်အမှောင့်လုပ်ဖို့ စက်ဆုပ်ရွံရှာဖွယ် နည်းလမ်းမျိုးစုံကို အသုံးပြုနေတာ ကြာပါပြီ” လို့ ပြောကြားခဲ့ပါတယ်။ ယင်းကဲ့သို့ ကြိုးပမ်းမှုများသည် “နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများ” ကို ချိုးဖောက်ခြင်းဟု သတ်မှတ်ခဲ့ပါတယ်။
“အမေရိကန်က တရုတ်ကို ဆိုးသွမ်းတဲ့ အပုပ်ချတိုက်ခိုက်ရုံသာမက တရုတ်ဝန်ထမ်းတွေရော အစိုးရအရာရှိ တွေကိုပါ သူတို့ရဲ့ သတင်းပေးသူတွေအဖြစ် ဗြောင်ကျကျ သွေးဆောင်ဖို့ ကြိုးစားနေပါတယ်” ဟု လင်း က ဆိုပါတယ်။ နိုင်ငံရပ်ခြားမှ စိမ့်ဝင်မှု နှင့် ဖျက်ဆီးမှု လုပ်ငန်းများ ကို ပြတ်ပြတ်သားသား တွန်းလှန်ရန်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သော အစီအမံ အားလုံးကို ပီကင်းက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ကတိပြုခဲ့ပါတယ်။
ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ထုတ်ဝေခဲ့သော CIA ဝန်ထမ်းသစ် စုဆောင်းရေး ဗီဒီယိုများသည် “စီးပွားရေး၊ ဘဏ္ဍာရေး၊ သို့မဟုတ် ကုန်သွယ်ရေးမူဝါဒများ” သို့မဟုတ် “ကာကွယ်ရေး၊ စက်မှုလုပ်ငန်း… အမျိုးသားလုံခြုံရေး၊ သံတမန်ရေးရာ၊ သိပ္ပံ [သို့မဟုတ်] ခေတ်မီနည်းပညာများ” တွင် လုပ်ကိုင်နေသော တရုတ်နိုင်ငံမှ လျှို့ဝှက် ပူးပေါင်းဆောင်ရွက်မှုများကို တောင်းဆိုထားပါတယ်။ သူလျှိုအေဂျင်စီသည် သတင်းပေးသူ၏ အထောက်အထားများကို အကာအကွယ်ပေးထားပြီး ဘေးကင်းစွာ ဆက်သွယ်ရမည့်နည်းလမ်းကို ညွှန်ကြားချက်များ ပေးဆောင်မည်ဟု ကတိပြုထားပါတယ်။
ပြီးခဲ့တဲ့လတုန်းက ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာန (SVR) သည် CIA ဝန်ထမ်းများကို ရုရှားအတွက် သတင်းပေးဖို့ လူသစ်စုဆောင်းမှုလုပ်ရာမှာ ရုရှားအင်ဂျင်နီယာ အဖွဲ့တစ်ခုဆီကို အဆက်အသွယ်တွေ ရောက်ခဲ့ပါတယ်။ CIAကလည်း ရုရှားသားသတင်းပေးတွေကို စုဆောင်းတဲ့ ဗီဒီယိုဖိုင်တွေကို မကြာခဏ လွှင့်တင်လေ့ရှိပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment