မိတ္ထီလာမြို့နယ် မောက်လောက်ကျေးရွာတွင် ငလျင်ဘေးသင့်ပြည်သူများအား စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရန်အတွက် စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ် မောက်လောက်ကျေးရွာတွင် ငလျင်ဘေးသင့်ပြည်သူများအား စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရန်အတွက် စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းဆောင်ရွက်




မိတ္ထီလာ ၊ မေ ၅


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မောက်လောက်ကျေးရွာတွင် ငလျင်ဘေးသင့်ပြည်သူများအား  စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရန်အတွက် ယမန်နေ့က စိတ်လူမှုဆိုင်ရာ ပံ့ပိုးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းဆောင်ရွက်သည့်အဖွဲ့ထံမှ သိရသည်။


မိတ္ထီလာမြို့နယ်တွင်   ငလျင်ဒဏ်ကြောင့် လူသေဆုံးခြင်း၊ ထိခိုင်ဒဏ်ရာရရှိမှုများ၊ နေအိမ်ပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ ၎င်းထိခိုက်ခံစားရသော ပြည်သူများအား လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဆိုင်ရာ ပံ့ပိုးခြင်းဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသော နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မိတ္ထီလာခရိုင်တို့မှ  စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်း ဆောင်ရွက်သည့်အဖွဲ့ဝင်များက ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အဖွဲ့ဝင်များက မောက်လောက်ကျေးရွာရှိ ငလျင်ဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်းဦးစီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ငလျင်ဘေးသင့်ပြည်သူများအား  စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရန်အတွက် စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုလုပ်ငန်းများ ဆောင်ရွက်ရခြင်း အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှု လိုအပ်နေသူများနှင့် စကားပြောဆိုခြင်း၊ လက်ဆောင်များ ပေးအပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရန်အတွက် စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းကို ဧပြီလ ၂၅ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ဆောင်ရွက်ခဲ့ရာ ၎င်းလုပ်ငန်းကို ရပ်ကွက် ၄ ခုနှင့် ကျေးရွာအုပ်စု ၈ စုတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)