ကရသူရိမြို့၌ ကျောင်းသား/သူကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်သည့် အလေ့အကျင့်များပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရသူရိမြို့၌ ကျောင်းသား/သူကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်သည့် အလေ့အကျင့်များပြုလုပ်



ကရသူရိ  ၊ မေ ၉


တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ နွေရာသီကျောင်းပိတ်ရက် အားလပ်သည့်အချိန်များတွင် ကျောင်းသား/သူကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်သည့် အလေ့အကျင့်များပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။


စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်များရရှိရေး၊ စာအုပ်/စာပေများနှင့် စဥ်ဆက်မပြတ်ထိတွေ့နိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်း ကျင်-၃က စာပေဖတ်ရှုရန်နည်းလမ်းကောင်းများအားရှင်းပြခြင်း၊ လေ့ကျင့်ဖတ်ရှုခြင်း၊ စုပေါင်းဖတ်ရှုခြင်း၊ တစ်ဦးချင်းအလိုက်ဖတ်ရှုခြင်းစသည့် စာဖတ်သည့်အလေ့အကျင့်ကောင်းများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ လေ့ကျင့်ဆောင်ရွက်ပေးခြင်းသည် စာဖတ်အားကောင်းသည့် ကျောင်းသား/သူကလေးများပေါ်ထွန်းစေပြီး အသိပညာ/ဉာဏ်ရည်များကြွယ်ဝလာခြင်းနှင့် ထူးချွန်/ထက်မြက်ခြင်း စသည့် အကျိုးကျေးဇူးများရရှိရန် စာဖတ်သည့်အလေ့အကျင့်များပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။


ကရသူရိ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)