ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ အစေ့ထုတ်ပြောင်း ၁၄,၉၉၅ ဧက လျာထားစိုက်ပျိုးမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ အစေ့ထုတ်ပြောင်း ၁၄,၉၉၅ ဧက လျာထားစိုက်ပျိုးမည်




ကျွန်းလှ ၊ မေ ၁၉


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ အစေ့ထုတ်ပြောင်း ၁၄,၉၉၅ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


 “ကျွန်းလှမြိုနယ်မှာ အစေ့ထုတ်ပြောင်း အဓိကစိုက်ပျိုးသောဒေသဖြစ်ပြီး မိုးရာသီနဲ့ ဆောင်းရာသီစိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးရာသီစိုက်ပျိုးဖို့ ၁၄,၉၉၅ ဧကလျာထားပါတယ်။ အစေ့ထုတ်ပြောင်းစိုက်ပျိုးရာမှာ သီးသန့်စိုက်ပျိုးကြသလို သီးညှပ်အဖြစ်လည်း စိုက်ပျိုးကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောသည်။


အဆိုပါ အစေ့ထုတ်ပြောင်းစိုက် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသရာသီဥတုနှင့် ကိုက်ညီသည့် အထွက်နှုန်းကောင်းမျိုးများရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေးနှင့် စိုက်ပျိုးရေးနည်းပညာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။


ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးရာသီ၌ အစေ့ထုတ်ပြောင်း ဧက ၁၅၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧက ၄၈ ဒသမ ၆၉ တင်းထွက်ရှိခဲ့ကြောင်း၊ ယခုနှစ် မိုးရာသီ ၁၄,၉၉၅ ဧကလျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။


မျိုးဝင်းညို ကျွန်းလှ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)