ဝမ်းတွင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက် မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်များစိုက်ထူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက် မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်များစိုက်ထူပွဲ ကျင်းပ




ဝမ်းတွင်း  ၊ မေ ၁၉


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌  ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့  ကျောင်းအပ်နှံကြပါစို့”    ဆိုင်းဘုတ်များစိုက်ထူခြင်းကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊အ.ထ.က(ဝမ်းတွင်း)၊ အ.ထ.က(သဲတော)၊ အ.ထ.က-ခွဲ ဝမ်းတွင်း(၁)စသည့် နေရာအသီးသီးတို့၌ ပြုလုပ်ခဲ့သည်။


အဆိုပါဆိုင်းဘုတ်တွင်   “ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့  ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါရှိကာ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိဖြစ်ကြောင်း သိရသည်။ အဆိုပါဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးဒေါ်သီတာနှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ မြိုနယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ကြပြီး ဆိုင်ဘုတ်အား အမွှေးနံ့သာရည်များပက်ဖြန်းကာ စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံများရိုက်ခဲ့ကူးခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)