ကြံခင်း၊ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကွေ့မအုပ်စု တောင်သူ ဦးမျိုးဆွေဦး လယ်မြေ တစ်ဧကတွင် ယနေ့ နံနက် ၇ နာရီက နွေစပါးစံပြရိတ်သိမ်းခြင်း အခမ်းအနား ကိုပြုလုပ်ရာ ခရိုင်/မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ကြသည်။
ထိုသို့ နွေစပါးစံပြရိတ်သိမ်းနေမှုအား ခရိုင်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်စိုး၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်း များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ ကွေ့မအုပ်စု၊ ကွင်း အမှတ် ၄၅၊ ဦးပိုင်အမှတ် ၁၀၃ တောင်သူ ဦးမျိုးဆွေဦး၏ လယ်မြေ ၀.၄၀ ဧက နွေစပါးရိတ်နေမှုကို ကြည့်ရှုအားပေးကြသည်။ အဆိုပါ နွေစပါးစံပြစိုက်ခင်းမှ တစ်ဧကအထွက်နှုန်း အစိုတင်း(၁၂၁)တင်း၊ အခြောက် (၁၁၀.၅၀) တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment