လယ်ဝေးမြို့နယ်တွင် ငွေကျပ် ၆ ဒသမ ၃၅ ဘီလီယံကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၉ သိန်းနှင့် ဘိန်းဖြူ ၁၃၄ ကီလို ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်တွင် ငွေကျပ် ၆ ဒသမ ၃၅ ဘီလီယံကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၉ သိန်းနှင့် ဘိန်းဖြူ ၁၃၄ ကီလို ဖမ်းဆီးရမိ



နေပြည်တော်၊ မေ ၃၀

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စု၊ ရေနီလေးတံတားအနီး သတင်းအရစောင့်ဆိုင်းနေစဉ် မေလ ၂၀ ရက်နေ့ ည ၁၁ နာရီအချိန် အောင်နန်းချို ကျေးရွာဘက်မှ ပျဉ်းမနားမြို့ဘက်သို့ ဇင်မျိုးထက်အောင်(ခ)ကုလားလေး မောင်းနှင်ပြီး မင်းခန့်ကျော် နှင့် မြတ်စိုးဦး(ခ)စူပါတို့ လိုက်ပါလာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်နှင့် သူရိန်ကိုကို မောင်းနှင်ပြီး ကျော်မျိုးလှိုင်(ခ)ကျော်ကြီး၊ နေဦးရှိန်တို့လိုက်ပါလာသည့် CHEVROLET အမျိုးအစားမော်တော်ယာဉ် ၂ စီးတို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့သယ်ဆောင်လာသည့် ဒေသတန်ဖိုးငွေကျပ် ၆ ဒသမ ၃၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၉၉၄ သိန်းနှင့် ပလပ်စတစ်ဆပ်ပြာခွက် ၁၃,၄၂၀ ခွက်အတွင်းမှ ဘိန်းဖြူအလေးချိန် ၁၃၄ ဒသမ ၂ ကီလိုတို့အား ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက် ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား လယ်ဝေးမြို့နယ်၊ အောင်နန်းချိုကျေးရွာအနီး၌ လွှဲပြောင်းပေးခဲ့သူ သက်ထူးမောင်အား မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန် ပျဉ်းမနားမြို့၊ ပန်းခင်းလမ်းရှိဟိုတယ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ် ဆေးဝါးများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခိုင်းသူများမှာ ဖယ်ခုံမြို့နေ ပေါလု(ခ)ပေါလူချမ်းနှင့် စိုးလွင် တို့ဖြစ်ပြီး မူးယစ်ဆေးဝါးများ တာဝန်ခံသယ်ဆောင်သူမှာ ရမည်းသင်း မြို့နယ်နေ သိန်းစံထွန်း(ခ) ကုလားလေး ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက် ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုး အမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)