မေ - ၈ ( ကြာသပတေးနေ့ )
မေလ ၉ ရက်နေ့တွင် မော်စကို၏ အောင်ပွဲနေ့ချီတက်ပွဲသို့ အာဖရိကခေါင်းဆောင်ခုနစ်ဦး တက်ရောက်မည်ဟု မျှော်လင့်ထားကြောင်း အိုင်ဗတ်ရှာ သတင်းဌာန က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို ဆိုဗီယက်ယူနီယံက အောင်နိုင်ခဲ့သည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ရုရှားနိုင်ငံ၊ မြို့တော်မော်စကိုမှာ ကျင်းပမည်ဖြစ်ပါတယ်။
ဖိတ်ကြားထားသော ခေါင်းဆောင်များထဲတွင် ဘာကီနာဖာဆိုနိုင်ငံ ၏ ယာယီသမ္မတ၊ ဗိုလ်ကြီး အီဘရာဟင် ထရာအိုရေး၊ ဂိုင်နီယာ ဘစ်ဆော သမ္မတ ယူမာရို ဆစ်ဆိုကို အမ်ဘလို၊ အီဂျစ်သမ္မတ အက်ဘ်ဒယ်လ် ဖာတက်အယ် စီစီ၊ ဇင်ဘာဘွေ သမ္မတ အမ္မာဆမ် အမ်နန်ဂါးဂဝါ၊ ကွန်ဂိုသမ္မတ ဒန်နစ်ဆက်ဆူ၊ အီကွေတိုရီရာ သမ္မတ လိုအန်ဂူဆို၊ အီသီယိုးပီးယားသမ္မတ တေရီအက်စကီ ဆီလာဆီ တို့ ပါဝင်ပါတယ်။
ကာကွယ်ရေးဝန်ကြီး ၏ စစ်ရေးပြအခမ်းအနားတွင် တောင်အာဖရိက ကိုယ်စားပြု ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး က အတည်ပြုခဲ့တယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အာဖရိကနိုင်ငံ ငါးနိုင်ငံဖြစ်သည့် ကွန်ဂို၊ အီဂျစ်၊ ဇင်ဘာဘွေ၊ ဘာကီနာဖာဆို၊ ဂီနီဘစ်ဆောတို့မှ ခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံရန် မျှော်လင့်ထားကြောင်း ကရင်မလင်အရာရှိများ၏ ပြောကြားချက်အရ သိရပါတယ်။
မေလ ၉ ရက် စစ်ရေးပြ ချီတက်ပွဲအပြီးတွင် သမ္မတပူတင်နှင့် ဧည့်သည်တော်များသည် ကရင်မလင်နန်းတော် တံတိုင်းအပြင်ဘက်ရှိ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချကြမှာဖြစ်ပါတယ်။ ရုရှားသမ္မတသည် အီဂျစ်ခေါင်းဆောင် အယ်လ်-စီစီနှင့် တွေ့ဆုံမည်ဖြစ်ပြီး အယ်လ်ဒါဘာ နျူကလီးယားဓာတ်အားပေးစက်ရုံနှင့် ရုရှားစက်မှုဇုန်ကဲ့သို့သော အဓိကပူးတွဲစီမံကိန်းများကို ဆွေးနွေးမှာ ဖြစ်ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment