ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံမှ RT TV Channel နှင့် Krasnaya Zvezda သတင်းစာတို့၏ တွေ့ဆုံမေးမြန်းမှုများကိုဖြေကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံမှ RT TV Channel နှင့် Krasnaya Zvezda သတင်းစာတို့၏ တွေ့ဆုံမေးမြန်းမှုများကိုဖြေကြား





မော်စကို၊ မေ ၈

ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မေ ၈ ရက် နံနက်ပိုင်းက ရုရှားနိုင်ငံ RT TV Channel အယ်ဒီတာချုပ်နှင့် Krasnaya Zvezda သတင်းစာမှ အထူးသတင်းထောက်တို့အား သီးခြားစီလက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ် အယ်ဒီတာချုပ်နှင့် အထူးသတင်းထောက်တို့က မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှု၊ နိုင်ငံတကာမှကယ်ဆယ်ရေးနှင့် အကူအညီပေးရေးဆိုင်ရာများကို ကူညီဆောင်ရွက်ပေးခဲ့မှု၊ လူသားချင်းစာနာထောက်ထားမှုဆက်ဆံရေးအပြင် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံကြား အခြားနယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိမှုတို့ကို မေးမြန်းခဲ့ကြသည်။

ထို့ပြင် ရုရှားနိုင်ငံတွင်ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားဆိုင်ရာ သမိုင်းကြောင်းအပေါ် ထင်မြင်ချက်များ၊ မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြတပ်ဖွဲ့အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ယခုစစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်မည့်အပေါ်သဘောထားအမြင်၊ အာဆီယံဒေသအတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍတို့နှင့် အခြားသိရှိလိုသည်များကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား မေးမြန်းခဲ့ကြသည်။

၎င်းတို့၏ မေးမြန်းချက်များအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြည့်ပြည့်စုံစုံရှင်းလင်းပြောကြားခဲ့ပြီး သတင်းဌာနများမှ အမှတ်တရလက်ဆောင်ပစ္စည်းများ၊ Krasnaya Zvezda သတင်းစာ၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်တံဆိပ်နှင့် စာအုပ်တို့ကို ဗိုလ်ချုပ်မှူးကြီး ထံ ဂါရဝပြုပေးအပ်ခဲ့ကြသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)