ဇွန်လကျောင်းဖွင့်ချိန်အမီ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ယူနိုင်ရေးအတွက် ပြန်လည်တည်ထောင်‌ရေးလုပ်ငန်းများ အလျင်အမြန် ဖြည့်ဆည်းဆောင်ရွက်ပေးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇွန်လကျောင်းဖွင့်ချိန်အမီ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ယူနိုင်ရေးအတွက် ပြန်လည်တည်ထောင်‌ရေးလုပ်ငန်းများ အလျင်အမြန် ဖြည့်ဆည်းဆောင်ရွက်ပေးမည်


နေပြည်တော်၊ မေ  ၈

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများသို့ သွား‌ရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည်တက္ကသိုလ်ပါမောက္ခ၊ ဆရာ၊ ဆရာမများနှင့် အခြေခံပညာဆရာ၊ ဆရာမများက ၂၀၂၅ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို ဘာသာရပ်အလိုက် သင်ကြားပို့ချပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးကာ  တိုင်းဒေသကြီးနှင့်ပြည်နယ်လေးခုမှ အစိုးရအဖွဲ့များနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း တက္ကသိုလ်နှင့်အခြေခံပညာအထက်တန်းကျောင်းများတွင် စခန်းသွင်းလေ့ကျင့်ရေး(Camp)များတွင် စားသောက်ရေး၊ နေထိုင်ရေး စသည်ဖြင့် အခက်အခဲမရှိ အဆင်ပြေအောင်  ဝိုင်းဝန်းဖြည့်ဆည်း   ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ   ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ဆရာ၊ ဆရာမများ၏သင်ကြားပို့ချမှုများကို  ဇွဲ၊ လုံ့လ၊ ဝီရိယထား၍ ကြိုးစားသင်ယူကြစေလိုကြောင်း အားပေးစကားပြောကြားကာ  လိုအပ်သည်များကို  ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်   ယန္တရားအခြေခံပညာအထက်တန်းကျောင်း၊ အမရပူရမြို့နယ် အမှတ်(၁)အခြေခံပညာ  အထက်တန်းကျောင်း၊ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက် အမှတ်(၃၃) အခြေခံပညာအလယ်တန်းကျောင်းခွဲ ၊ အောင်မြေသာစံမြို့နယ် အမှတ်(၂၅)အခြေခံပညာအထက်တန်းကျောင်း၊ ပုသိမ်ကြီးမြို့နယ် အခြေခံပညာအထက်တန်း   ကျောင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍    ဇွန်လကျောင်းဖွင့်ချိန်အမီ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့်  မိမိတို့၏အခြေခံပညာကျောင်းများကို ထိခိုက်ပျက်စီးမှုအလိုက် အသစ်ပြန်လည်တည်ဆောက်ခြင်း၊ ယာယီစာသင်ဆောင်   တည်ဆောက်ပေးခြင်းတို့ဖြင့် ပြန်လည်တည်ထောင်‌ရေးလုပ်ငန်းများ အလျင်အမြန်  ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျောင်းနှင့်ကျောင်းသားအရေအတွက်ပေါ်မူတည်၍ နှစ်ချိန်တက်ကျောင်းအဖြစ်ဆောင်ရွက်ခြင်း၊ ရေ၊မီး၊ သန့်စင်ခန်းပြည့်စုံရေး ဆောင်ရွက်ပေးခြင်းတို့ကို  စနစ်တကျပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်းမှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်း‌ဆောင်ရွက်ပေးကြောင်း သိရသည်။     


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)