မှော်ဘီ ၊ မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးအပတ်စဉ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခြင်းကိုယနေ့နံနက်(၇)နာရီအချိန်ကမှော်ဘီမြို့နယ်၊ မြို့နယ်သာသနာ့ဗိမာန် ဓမ္မာရုံဝန်းကျင်၌ စုပေါင်းေဆာင်ရွက်ခဲ့ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မှော်ဘီမြို့ နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးပြည့် ဖြိုးမောင်၊အဖွဲ့ ဝင်(၁)ဗိုလ်မှူးပြည့်စုံကျော်၊အဖွဲ့ဝင်(၂)ဦးဝင်းစိုး၊မှော်ဘီမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊မြို့နယ်စည်ပင်သာယာအမှု ဆောင်အရာရှိဦးခင်ဦးနှင့်ဝန်ထမ်းဝန်ထမ်းများ ၊မှော်ဘီမြို့ နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊မှော်ဘီမြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊တပ် မတော်အရာရှိစစ်သည်များ၊မြို့နယ်အ ဆင့်ဌာနဆိုင်ရာများ၊လူမှုရေးအသင်း အဖွဲ့များရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များကၿမိဳ႕နယ္သာသနာ့ဗိမာန္ ဓမၼာ႐ုံဝန္းကျင်ရှိအမှိုက်သရိုက်များလှည်းခြင်း၊ပေါင်းမြက် များအားရှင်းလင်းခြင်း၊ရေမြောင်းများေရစီးရေလာကောင်းမွန်ရေးစသည့်လုပ် ငန်းများဆောင်ရွက်ခဲ့သည်။
မှော်ဘီမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကိုအပတ်စဉ်စေနနေ့တိုင်းဆောင် ရွက်လျက်ရှိရာကျန်ရှိနေသောရပ်ကွက်များရှိစာသင်ကျောင်းများ၊ဆေးရုံနှင့် ဘုန်းကြီးကျောင်းဘုရားစေတီပုထိုးများတွင်လည်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရ သည်။
ဝင်းဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment