ရေတာရှည်မြို့နယ်၌ "ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ်၌ "ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူ

 


ရေတာရှည်  ၊ မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူနိုင်ရန်အတွက် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ "ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်အား မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်က အ-ထ-က (ရေတာရှည်) ကျောင်းရှေ့၌ စိုက်ထူခဲ့သည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရေတာရှည်မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရန် မေလ ၂၂ ရက်နေ့မှ စတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်နိုင်ပြီဖြစ်ကြောင်း၊ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံခြင်းမရှိပဲ "အခမဲ့" ပညာရေးစနစ်ဖြင့် ကျောင်းအပ်လက်ခံတော့မည်ဖြစ်ကြောင်း၊ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် KG အဆင့်မှ Grade-12 အဆင့်ရှိ ကျောင်းသား/ ကျောင်းသူများကို "အခမဲ့" ပညာရေးစနစ်ဖြင့် ကျောင်းအပ်လက်ခံတော့မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ပြောကြားချက်အရသိရသည်။

အဆိုပါ "ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးနှင့် ပညာရေးဝန်ထမ်းများတက်ရောက်ပြီး ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)