နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓ ဝိဟာရစင်တာနှင့် ကာလုဂါပြည်နယ်၊ Etnomir ယဉ်ကျေးမှုနယ်မြေသို့ သွားရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓ ဝိဟာရစင်တာနှင့် ကာလုဂါပြည်နယ်၊ Etnomir ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်







နေပြည်တော်၊ မေ ၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရစင်တာနှင့် ကာလုဂါပြည်နယ်၊ Etnomir ယဉ်ကျေးမှုနယ်မြေသို့ ယနေ့(မေ ၈ ရက်)တွင် သွား ရောက် ခဲ့ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရစင်တာသို့ ထွက်ခွာခဲ့ ကြသည်။

မြန်မာထေရဝါဒဗုဒ္ဓဝိဟာရစင်တာသို့ ရောက်ရှိချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များသည် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထိုနောက် သံဃာတော်အရှင်သူမြတ်များ ဟောကြားသည့် အနုမောဓနာတရား ကို နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် ကာလုဂါပြည်နယ်၊ Etnomir ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြသည်။

ကာလုဂါပြည်နယ်၊ Etnomir ယဉ်ကျေးမှုနယ်မြေသို့ ရောက်ရှိချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် Etnomir ယဉ်ကျေးမှုနယ်မြေ အတွင်း တည်ထားသည့် ရွှေစည်းဂုံပုံတူစေတီတော်အား ဖူးမြော်ကြည်ညိုခြင်း၊ ယဉ်ကျေးမှုနယ်မြေအတွင်းသို့ လှည့်လည်လေ့လာကြည့်ရှုခြင်းများကို ဆောင်ရွက်ခဲ့ ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)