အခြေခံပညာနှင့် စက်မှု စိုက်ပျိုး မွေးမြူရေး အထက်တန်းကျောင်းတွင် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာနှင့် စက်မှု စိုက်ပျိုး မွေးမြူရေး အထက်တန်းကျောင်းတွင် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ကျင်းပ




ဒဂုံတောင် ၊ မေ ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး  အထက်တန်းကျောင်း (စိုက်မွေး) ဇာတိမာန်ခန်းမ၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို မေလ ၂၁ ရက်နေ့နံနက် ၉ နာရီကကျင်းပရာ ခရိုင်ပညာရေးမှူး ဦးငွေသူရ၊  စက်မှုအထက်တန်း‌ကျောင်း (GTC)ကျောင်းအုပ်ကြီး  ဒေါက်တာသန်းထိုက်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်ထွေး၊  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းသိန်းအေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Grade-9 အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။


ရှေးဦးစွာ ခရိုင်ပညာ‌ရေးမှူး ဦးငွေသူရက အထက်တန်းပညာ ဆက်လက်သင်ကြားနိုင်မည့်အခွင့်အလမ်းများကိုလည်းကောင်း၊ စက်မှုအထက်တန်း‌ကျောင်း(GTC) ကျောင်းအုပ်ကြီး ဒေါက်တာသန်းထိုက်က စက်မှုအထက်တန်း‌ကျောင်း  တက်ရောက်သင်ကြားနိုင်မည့် အခွင့်အလမ်းများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်ထွေးက စိုက်ပျိုးရေးအထက်တန်းကျောင်း တက်ရောက်သင်ကြားနိုင်သည့် အခွင့်အလမ်းများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းသိန်းအေးက မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်သင်ကြားနိုင်သည့် အခွင့်အလမ်းများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးကြသည်။


စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း‌ကျောင်းများကို အခြေခံအသက်မွေးဝမ်းကျောင်းပညာရပ် သင်ကြားလိုသော မိမိတို့နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ကျောင်းသားအရွယ် လူငယ်များအား နိုင်ငံတော်၏ အခြေခံစီးပွားရေးကဏ္ဍဖြစ်သော စက်မှု၊ စိုက်ပျိုး၊ မွေးမြူထုတ်လုပ်ရေးအတွက် လိုအပ်လျက်ရှိသည့် အတတ်ပညာများ သင်ကြားနိုင်သော အခွင့်အရေးများရရှိပြီး ကျွမ်းကျင်သူ လူသားအရင်းအမြစ်များ  ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်းနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် စက်မှုအထူးပြုဘာသာရပ်အတွက် (၉၀)ဦး၊ စိုက်ပျိုးရေးအထူးပြုဘာသာရပ်အတွက် (၃၀)ဦး၊ မွေးမြူရေးအထူးပြုဘာသာရပ်အတွက်(၃၀)ဦး စုစုပေါင်း(၁၅၀)ဦး လျှောက်ထားတက်ရောက်နိုင်ပြီး ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ အခြေခံပညာအလယ်တန်းအဆင့် Grade-9 အောင်မြင်ပြီးသူ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခွင့်ရှိကြောင်း သတင်းရရှိသည်။


နေမျိုးအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)