ကူဝိတ်၊ မေ ၁၃
အာရှအိုလံပစ်ကောင်စီ (Olympic Council of Asia -OCA) ၏ (၄၅) ကြိမ်မြောက် အထွေထွေညီလာခံအစည်းအဝေးကို ကူဝိတ်မြို့၌ ၂၀၂၅ခုနှစ်၊ မေလ ၁၁ ရက်မှ ၁၂ ရက်နေ့ အထိကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ အာရှတိုက်ရှိ အမျိုးသားအိုလံပစ်ကော်မတီ များမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအိုလံပစ်ကော်မတီ (International Olympic Committee-IOC) အပါအဝင် နိုင်ငံတကာ အားကစားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် အာရှဒေသအတွင်း ကျင်းပပြုလုပ်ရန်ရှိသည့် အားကစားပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးခဲ့ပြီး OCA ၏ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများမှ တင်ပြသည့် အစီရင်ခံစာများကို ဆွေးနွေးအတည်ပြုခဲ့သည်။
အဆိုပါ OCA အထွေထွေညီလာခံတွင် ယဉ်ကျေးမှုဆိုင်ရာ ပြပွဲတစ်ခုလည်း ပါဝင်ပြီး ယင်းပြပွဲ၌ ကူဝိတ်ရှိ မြန်မာသံရုံးက ယဉ်ကျေးမှုနှင့် ရိုးရာထုတ်ကုန်များ ပါဝင်ပြသခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment