ဒီပဲယင်းမြို့နယ်၊ အင်ပင်ရွာနှင့် ယဒင်ရွာတို့တွင် ရွာသူ/ရွာသားများက PDF အကြမ်းဖက်အဖွဲ့ကို ဆက်ကြေးပေးနေရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒီပဲယင်းမြို့နယ်၊ အင်ပင်ရွာနှင့် ယဒင်ရွာတို့တွင် ရွာသူ/ရွာသားများက PDF အကြမ်းဖက်အဖွဲ့ကို ဆက်ကြေးပေးနေရ


ဒီပဲယင်း၊ မေ ၁၅

ဒီပဲယင်းမြို့နယ်၊ အင်ပင်ရွာနှင့် ယဒင်ရွာတို့တွင် နေထိုင်ကြသော ရွာသားများမှာ PDF အကြမ်းဖက်အဖွဲ့ကို လစဉ် ဆက်ကြေးပေးနေကြကြောင်း သိရသည်။

ဒေသအခြေအနေအား ဆက်သွယ်မေးမြန်းရာ "အင်ပင်ရွာ PDF ခေါင်းဆောင်က စိန်မင်း၊ သူ့ဇနီး က CDM လုပ်ထားတဲ့ ကျောင်းအုပ်ဆရာမ ဒေါ်မြင့်ရီ။ ယဒင်ရွာက PDF ခေါင်းဆောင်က ဇော်မင်းထွန်း ပါ။ ရွာက ဆက်နေတာပါ။ တောင်သူတွေဆီကနေ တစ်ဧက ကို တစ်လ(၃၀၀၀၀) နှုန်းနဲ့ ပိုက်ဆံတောင်းတယ်။ သူတို့က လက်နက်ကိုင်ထားတဲ့ကောင်တွေဆိုတော့ မပေးချင်လည်း ပေးနေရတယ်။ မပေးရင် ရွာမနေနဲ့။ ရွာကနေ ကျင်တယ်။ ရွာက ထွက်သွားရင် ထွက်သွားတဲ့သူတွေရဲ့ ဟာကို PDF တွေကပဲ သိမ်းပိုက်ထားတယ်။ အဲဒါ ခေါင်းစဉ်တစ်ခု၊ အခြားခေါင်းစဉ်အမျိုးမျိုးနဲ့ တောင်းတာတွေလည်း ပေးရတယ်။" ဟု ပြောသည်။

အဆိုပါ အင်ပင်ရွာနှင့် ယဒင်ရွာ စာသင်ကျောင်းတွင် အရာတော်၊ ဒီပဲယင်း၊ ဘုတလင်တို့မှ ၎င်းတို့ကို ထောက်ခံအားပေးခြင်း မရှိသည့် ပြည်သူများကို ဖမ်းဆီးချုပ်နှောင်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)