ရွှေတောင်၊ မေ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ခန်းမတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ ZEAL PRESCHOOL မူလတန်းကြိုအဆင့် သင်ယူတတ်မြောက်ခြင်း ဆင်းပွဲအခမ်းအနား ကိုယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့သည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ် မိမိချိုနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်တို့မှ အဖွင့်အမှာစကားပြောကြားပြီး ZEAL SCHOOL ၏ Principle. Tr ဒေါ်နွယ်နီကျော်မှ ကျောင်းလုပ်ငန်းစဥ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၄ - ၂၀၂၅စာသင်နှစ် မူကြိုကျောင်းသား၊ကျောင်းသူလေးများအား မူကြိုပြီးမြောက်ကြောင်းလက်မှတ်များပေးအပ်ခဲ့ကြပြီး ZEAL ကျောင်းသား၊ကျောင်းသူလေးများက အကအလှများဖြင့်သီဆိုဖျော်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment