မြန်မာနိုင်ငံကြက်ခြေနီအသင်း အရေးပေါ်လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံကြက်ခြေနီအသင်း အရေးပေါ်လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေး ကျင်းပ




ရန်ကုန်၊ ဇွန် ၁

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ချက်များနှင့် ပတ်သက်၍  Emergency Task Force (ETF) အစည်းအဝေးကို ၃၀-၅-၂၀၂၅ ရက်နေ့က အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ရာ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်၊ အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ လက်ထောက်အထွေထွေ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ငလျင်တုံ့ပြန်မှုနှင့် ပတ်သက်၍ ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များ၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်တွင်း/ပြည်ပမှ အလှူရှင်များ၏ အလှူပစ္စည်းများ ဖြန့်ဝေနေမှု ကိစ္စရပ်များ၊ တိုင်းဒေသကြီး / ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ စသည့် အသင်းကရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ်ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)