နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း အခြေခံပညာကျောင်း သန့်ရှင်းရေးနှင့်ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း အခြေခံပညာကျောင်း သန့်ရှင်းရေးနှင့်ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှု



တပ်ကုန်း၊ ဇွန် ၁

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အခြေခံပညာ ကျောင်း သန့်ရှင်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ ဆရာစံရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းသို့ ရောက်ရှိ၍ ကျောင်းဝန်းအတွင်း ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် စာသင်ဆောင်များ ကြံခိုင်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ကျောင်းတွင် ပယ်ဖျက်ထားရှိသည့် သစ်သားဟောင်းများ အလဟဿ မဖြစ်စေဘဲ လိုအပ်သည့်ပစ္စည်းများ ပြုလုပ်အသုံးချရေး ကျောင်းအုပ်ဆရာမကြီးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ရှင်းလင်းမှာကြားခဲ့ပြီးနောက် ခေါက်ဆွဲခြောက်များ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများက လက်ခံယူခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗိုလ်မင်းရောင်တိုးချဲ့(၇)လမ်းဘေး ရေဆိုးထုတ်မြောင်း၊ ကွင်းအမှတ် ၁၄၅၃၊ ၁၄၅၈ ကြို့ကုန်း ကွင်း၊ ရေလွှမ်းမိုးမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်ရေး စက်ယန္တရားဖြင့် ရေဆိုး ထုတ်မြောင်း တူးဖော်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည့်လုပ်ငန်း များကို သက်ဆိုင်ရာဌာနများအား ရှင်းလင်းမှာကြားခဲ့၍လည်းကောင်း၊ ကင်းသာကျေးရွာအုပ်စု တွင် ဆိတ်ဘဏ်စနစ်ဖြင့် ဒေသဆိတ်မွေးမြူရေးထူထောင်နိုင်ရန် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)