မြောက်ဥက္ကလာပ၊ ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ ပြန်လည်ဖြေဆိုခြင်းကို ဆုတောင်းပြည့်မယ်လမုသုံးထပ်ဆောင် သာသနာ့ဗိမာန် တော်ကြီးတွင် ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ဘာသာရပ်အလိုက် အုပ်စုများခွဲ၍ ပြန်လည် ဖြေဆိုလျက်ရှိသည်။
အဆိုပါ အစိုးရဓမ္မာစရိယ စာမေးပွဲများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်စေရေးအတွက် ထေကြီးဝါကြီးဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းမြင့် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးမင်းမင်းဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုးသူနှင့် မြို့နယ်သာသနာရေးမှူးဦးချမ်း သာ၊မြို့နယ်မယ်လမုဂေါပကအဖွဲ့အတွင်းရေးမှူးဦးသန်းအောင် နှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများကလိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
မြောက်ဥက္ကလာပစာစစ်ဌာနတွင် အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုရန် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၂၃၂ ပါး စာရင်းပေးသွင်းထားရာ ယနေ့ ဖြေဆိုရာတွင် ၁၈၂ ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၅၀ ပါး ပျက်ကွက်ခဲ့ကြောင်း မြို့နယ်သာသနာရေးမှူး ရုံးမှသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment