ကြံခင်း၊ ဇွန် ၂
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံ ပညာကျောင်းများအားလုံး ဇွန်လ(၂) ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၂၂)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၃၇၂၉ ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ သိရသည်။
ထိုသို့ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ရောက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ (အတွင်းရေးမှူး) မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးတို့က မြို့ပေါ် ရပ်ကွက်များရှိ အခြေခံပညာကျောင်းများသို့သွားရောက်ပြီး သက်ဆိုင်ရာကျောင်း အုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှုအား လိုက်လံကြည့်ရှု အားပေး ကြသည်။
ကြံခင်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်း ကျောင်း ၇ ကျောင်း၊ အ.ထ.က (ခွဲ) ၄ ကျောင်း၊ အ.လ.က ၆ ကျောင်း၊ အ.လ.က(ခွဲ) ၃ ကျောင်း၊ မူလွန် ၃ ကျောင်း၊ အ.မ.က ၉၈ ကျောင်း၊ အ.မ.က(ခွဲ) ၁ ကျောင်း၊ အခြေခံပညာကျောင်း စုစုပေါင်း ၁၂၂ ကျောင်း၊ ကိုယ်ပိုင်အထက် တန်းကျောင်း ၁ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၂ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာ သင်ကြားလျက်ရှိပြီး မြို့မရဲစခန်းမှ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ် ကင်းစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment