ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ


နေပြည်တော်၊ ဇွန် ၂၁

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကို ယမန်နေ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်အစည်းအဝေးခန်းမ၌ကျင်းပရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် ရဲမှူးချုပ်ဇော်လင်းထွန်း၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များနှင့် တိုးတက်မှုအစီရင်ခံစာမူကြမ်းစိစစ် ရေးသားရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုများကိုရေးသားတင်ပြရမည့် (၁၅)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအား APJG မှ အကဲဖြတ်သူများ၏ အကြံပြုချက်များနှင့်အညီ တိုးတက်မှုအစီရင်ခံစာရေးသားတင်ပြသူများအနေဖြင့် ပြည့်စုံကောင်းမွန်စွာ ရေးသားတင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို အချက်အလက်ပြည့်ပြည့်စုံစုံဖြင့် ရှင်းလင်းစွာရေးသား ပံ့ပိုးပေးရန်နှင့် အစီရင်ခံစာရေးသားရာတွင် အဓိကထည့်သွင်း ရေးသားရန်လိုအပ်သည့်အချက်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက မဟာဗျူဟာနယ်ပယ်(၃)၏ လုပ်ငန်းစဉ် များနှင့် ချိတ်ဆက်ဆောင်ရွက်ချက်များကို လည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်က FATF မျက်နှာစုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသည့်အချက်များနှင့် ထည့်သွင်းစဉ်းစားရမည့် အချက်များကိုလည်းကောင်း အကြံပြုဆွေးနွေးသည်။

ဆက်လက်၍ လုပ်ငန်းအဖွဲ့အတွင်းရေးမှူးက FATF မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ သည့်အခြေအနေများ၊ အစည်းအဝေးတွင် ဆွေးနွေးချက်များနှင့် ဆုံးဖြတ်ချက်များကို လည်းကောင်း၊ (၁၅)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာရေးသားရာတွင် APJG မှ အကဲဖြတ်သူများ၏ အကြံပြုချက်များနှင့်အညီ မြန်မာနိုင်ငံက ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ချက်များကို ကိန်းဂဏန်းအချက် အလက်များနှင့် မှုခင်းဖြစ်စဉ်များဖြင့်အဆင့် သတ်မှတ်ချက်တိုးမြှင့်ရရှိရန် ကျန်ရှိနေသည့်လက်ငင်း ရလဒ်တစ်ခုချင်းစီအလိုက် ပြည့်စုံရှင်းလင်းစွာတင်ပြ ရေးသားနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်မည့်အခြေ အနေများကိုလည်းကောင်း ဆွေးနွေးတင်ပြရာ တက်ရောက်လာသူများက ပံ့ပိုးပေးမည့်အချက် အလက်များ၊ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဆုံးရှုံးနိုင်ခြေများကို ပြန်လည်အကဲဖြတ်စိစစ်ပြီး ရလဒ်များကို လုပ်ငန်းအဖွဲ့သို့တင်ပြနိုင်ရေး ဆောင်ရွက်မည့်အချက်များနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)