ဗိုလ်ချုပ်ကြီးတင်အောင်စန်း ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီကော်မတီအတွင်းရေးမှူး Mr. Wang Ning နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတို့ကို ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်ချုပ်ကြီးတင်အောင်စန်း ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီကော်မတီအတွင်းရေးမှူး Mr. Wang Ning နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတို့ကို ဆွေးနွေး


နေပြည်တော်၊ ဇွန် ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယူနန်ပြည်နယ်အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့၌ ကျင်းပပြုလုပ်သော(၉)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ နှင့် (၂၉)ကြိမ်မြောက် ကူမင်း ပို့ကုန်၊ သွင်းကုန် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ဇွန် ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့မှထွက်ခွာခဲ့ရာ ကူမင်းမြို့သို့ ဒေသစံတော်ချိန် ၆ နာရီ ၄၅ မိနစ်တွင် ရောက်ရှိရာ ကူမင်းမြို့ ချန်းရွှေအပြည်ပြည် ဆိုင်ရာလေဆိပ်၌ ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Yang Yalin နှင့် ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်တို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ခေတ္တတည်းခိုမည့် Green Lake Hotel သို့ လိုက်ပါပို့ဆောင်ခဲ့သည်။

မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ကူမင်းမြို့တီယန်ချီအပြည်ပြည် ဆိုင်ရာကွန်ဗန်းရှင်းစင်တာ (Dian Chi International Exhibition and Convention Center) ၌ ကျင်းပပြုလုပ်သော(၉)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉)ကြိမ်မြောက် ကူမင်းပို့ကုန်၊ သွင်းကုန်ကုန်စည်ပြပွဲဖွင့်ပွဲ အခမ်းအနားသို့ရောက်ရှိပြီး လျှပ်စစ်မော်တော်ယာဉ်များဖြင့် ကုန်စည် ပြခန်းဆောင်များအား လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Wang Dongming နှင့် အာဖဂန်နစ္စတန်နိုင်ငံ၊ မော်လ်ဒိုက်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ အကြီးအကဲများနှင့်အတူ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တီယန်ချီအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ (Dian Chi International Exhibition and Convention Center) ခန်းမ ဆောင် ၇ ဧည့်ခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Wang Dongming နှင့် တွေ့ဆုံပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအတွက် ကူညီပေးရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မြန်မာ့ပြခန်းဆောင်၌ ခင်းကျင်းပြသထားသော မြန်မာ့ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးကာ ကုန်သည်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မြန်မာ့ထုတ်ကုန်များကို ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေးအတွက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ပလက်ဖောင်း (Platform)ကို ထိထိရောက်ရောက် အသုံးချရန်မှာကြားသည်။

ခရီးစဉ်အတွင်း ဇွန် ၁၈ ရက် နံနက်ပိုင်းက မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ္တတည်းခိုသည့် Green Lake Hotel ၌ Union Resources and Engineering Co.,Ltd အား လက်ခံတွေ့ဆုံခဲ့သည်။

မွန်းလွဲပိုင်းတွင် Yunnan Energy Investment Group နှင့် State Power Investment Yunnan International Co.,Ltd များသို့ သွားရောက်လေ့လာခဲ့ပြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် မြန်မာနိုင်ငံ၌ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများကို ဆွေးနွေးခဲ့သည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ကူမင်းမြို့ Hai Geng Garden Hotel ၌ ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီကော်မတီအတွင်းရေးမှူး Mr. Wang Ning နှင့်တွေ့ဆုံပြီး အနာဂတ်တွင် မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတို့ကို ဆွေးနွေးကြပြီး ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ ကော်မတီအတွင်းရေးမှူး Mr. Wang Ning က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၀ ရက် ဒေသစံတော်ချိန် ၁ နာရီ ၁၀ မိနစ်တွင် ကူမင်းမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာရာ ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ Mr. Yang Yalin နှင့် ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်တို့က လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ နိုင်ငံရေးဆိုင်ရာသံမှူးကြီး Mr. Jia Junjie နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

(၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် ကူမင်းပို့ကုန်၊ သွင်းကုန် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံအပါအဝင် တရုတ်၊ တောင် အာရှ၊ အရှေ့တောင်အာရှနှင့် ကမ္ဘာ့ နိုင်ငံ ၅၃ နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များက ၎င်းတို့၏ ထုတ်ကုန်များကို ပြခန်းဆောင် ၁၃ ခု၌ ပြခန်းပေါင်း ၄၈၀၀ ခင်းကျင်းပြသထားကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)