သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများ ဈေးနှုန်းအနည်းငယ်ကျဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများ ဈေးနှုန်းအနည်းငယ်ကျဆင်း

 





သံတောင်ကြီး ၊  ဇွန် ၂၀


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ တောင်ပေါ်ကွမ်းရွက်ကြမ်းများကို နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်း များနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိပြီး ယခုမိုးတွင်း အချိန်တွင်တောင်ပေါ်ကွမ်းရွက်ကြမ်းများ  ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။


အဆိုပါ ဒေသခံပြည်သူများသည် တောင်ပေါ်ကွမ်းရွက်ကြမ်းများကိုတစ်နှစ်လျှင် (၃) ကြိမ်နှုန်းဖြင့် ခူးယူပြီးယခုဇွန်လတတိယပတ်မှစ၍ ပထမကြိမ်တောင်ပေါ်ကွမ်းရွက်ကြမ်းများကို စတင်ခူးယူလျက်ရှိသည်။ ယခုမိုးတွင်းအချိန်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများသည် အထွက်ကောင်းသော်လည်း ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး တောင်ပေါ်ကွမ်းကြမ်း (၁၀) ပိဿာလျှင်ကျပ် (၁၅၀၀၀)မှ ကျပ်(၁၇၀၀၀) ထိသာရ ရှိကာသံတောင်ကြီးမြို့ပေါ်တွင် သာမကတောင်ငူမြို့ရှိ အဝယ်ဒိုင်များတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။                                                                        


နော်နော်မူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)