သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

 




သံတောင်ကြီး  ၊ ဇွန်  ၂၀


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏ စွန့်စားမှုဆီသို့ခြေတစ်လှမ်းစာအုပ်အား ယမန်နေ့နေ့လယ်(၂) နာရီအချိန်က သံ‌တောင်ကြီးမြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး နော်နီလာအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး  နော်မေရီ (Book   Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာခေါင်းစဉ်ငယ်များဖြစ်သည့် လမ်းလျှောက်ထွက်ကြမယ်၊ သိုက်မြုံမှခွာသောအခါ၊ လျှို့ဝှက်ဆန်းကြယ်လပြည့်ညဝယ်၊ မျှော်လင့်ချက်၊ လူတန်းစားအလွှာမခြားနားစေရန် စသည့်အကြောင်းအရာများအားဖတ်ကြားဆွေးနွေးခဲ့သည်။


ဆက်လက်ပြီး  နော်ကလိုမူး(Youth  Club) အဖွဲ့ဝင်က ရှင်သန်တိုးပွားချစ်ခြင်းတရား စွန့်စားမှုဆီ သို့ခြေတစ်လှမ်း၊ နာမည်တော်မရှိတဲ့သူရယ်၊ ခဏလောက်စောင့်ပါအုံး၊ အမှတ်တရအချိန်များ စသည့်အကြောင်းအရာများဖတ်ကြားဆွေေးနွေးပြီး တက်ရောက်လာသော (Book   Club  /Youth Club ) အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ စာရေးဆရာခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းစာအုပ်ဖတ်ရှုခြင်းဖြင့် ချစ်မေတ္တာတရား အရေးပါပုံ၊  စွန့်စားခြင်းဖြင့်ရရှိသည့်အကျိုးရလဒ်များ၊ လူတန်းစားမရွေးပေါင်းသင်းဆက်ဆံတတ်စေရန် စသည့်အကျိုးကျေးဇူးများရရှိစေကြောင်း သိရသည်။


နော်နော်မူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)