မကွေး၊ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရေဘေးကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မကွေးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဧရာဝတီမြစ်ဝအတွင်း ၂-၆-၂၀၂၅ ရက်နေ့မှ စတင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဘေးကယ်ဆယ်ရေးလေ့ကျင့် ဆောင်ရွက်မှုတွင် မကွေးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၂၇)ဦးတို့မှ Speed boat (၂)စီး lIntelligencelifebuoy (၂) စင်းနှင့် အတူရေပြင် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပြီး စမ်းသပ်မောင်းနှင်ခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအား SpeedBoat များ ကျွမ်းကျင်စွာ မောင်းနှင်နိုင်စေရေး လေ့ကျင့်သင်ကြားပေးခြင်းနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
ဝင်းအိမွန်
https://t.me/MyanmarNationalPost
No comments:
Post a Comment