သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ




သဲကုန်း  ၊ ဇွန် ၄


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်(၈)နာရီအချိန်က သဲကုန်းမြို့နယ်၊ အင်းပေါ်ငယ်အုပ်စု၊ သစ္ဆိန်ပင်ဘုန်းကြီးကျောင်းဝန်းအတွင်း ကျင်းပ​ပြုလုပ်ခဲ့သည်။

အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတွင် သဲကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းလွင်နှင့် ဝန်ထမ်းများ၊ သစ္ဆိန်ပင်ကျေးရွာမှ ရပ်မိရပ်ဖများနှင့် ဒေခံပြည်သူများက ကျွန်း၊ မန်ဂျန်ရှား စသည့် ပျိုးပင်ပေါင်း(၁၅၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့သည်။

သဲကုန်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေး၊ ဂေဟစနစ် တည်ငြိမ်မှုအား အထောက်အကူပြုစေရေး၊ ပြည်သူလူထုမှ သစ်ပင်စိုက်ပျိုးလိုစိတ် ဖြစ်ပေါ်လာပြီး သစ်တောသစ်ပင်များကို ချစ်ခင်တန်ဖိုးထားတတ်စေရန်၊ သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများမှ ရရှိခံစားနိုင်စေရန်ရည်ရွယ်၍ မြို့မပျိုးဥယျာဥ်၌ ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးရန်၊ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် ပျိုးပင်ပေါင်း(၂၅၀၀၀) ဖြန့်ဝေစိုက်ပျိုးရန် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)