သရက်၊ ဇွန် ၄
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေး အသိပညာပေး ရေဘေးအသိပညာပေးလှုံ့ဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့က ရုံးရပ်ကွက် ၊ တောင်မင်းတည်းရပ်ကွက်နှင့် လေးတိုင်စင်ရပ်ကွက်တို့တွင် လိုက်လံနှိုးဆော်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများကရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးခြင်း သတိပေးချက် ရလျှင် ဆောင်ရွက်ရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချန်တွင် ရှောင်ရှားသင့်သည့် အချက်များစသည်တို့ကိုနှိုးဆော်ခဲ့ပြီး ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များအား ဈေးရောင်းဈေးဝယ်ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက် (သရက်)
https://t.me/MyanmarNationalPost
No comments:
Post a Comment