ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်



ဒဂုံအရှေ့ ၊  ဇွန် ၅


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများကို ဇွန်လ ၂ ရက်နေ့နံနက် ၇ နာရီမှစ၍ ဖွင့်လှစ်သင်ကြားပေး‌‌လျက်ရှိသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် မြို့နယ်အတွင်း၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း(၃၃)ကျောင်း၊ကိုယ်ပိုင်ကျောင်း(၁၀)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၂)ကျောင်း စုစုပေါင်းကျောင်း ၅၅ ကျောင်းရှိပြီး ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်လက်ခံပြီးသူ ကျောင်းသား၊ကျောင်းသူ (၂၇၁၅၄) ဦး ရှိကြောင်းသိရသည်။

“ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”  ဆိုသည့်ဆောင်ပုဒ်အတိုင်း ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေး အခြေခံပညာကျောင်းများတွင် နေ့စဉ်ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းအပ်ရာတွင်လည်း ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


အေးမဉ္ဇူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)