မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေနေအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေနေအား ကြည့်ရှုစစ်ဆေး





ချမ်းအေးသာစံ၊ ဇွန် ၅

မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ အထက်ကမ်းနာလမ်း၊ ၂၆ ×၂၇ လမ်းကြားရှိ ကရဝိတ်ရေပေါ်ဟိုတယ်အနီး မြစ်ကမ်းနားအနီး ရေဝင်ရောက်မှုရှိနိုင်သည့် နေများအတွင်း ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေနေအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့သည်။

ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေနေအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ ဥပဒေချုပ်ဦးမြင့်အောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီးဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီးဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီးဦးရွှေဇင်၊လူမှုရေးဝန်ကြီးဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးဝေဇင်ထွန်း၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးချုပ် ဝင်းဗိုလ်၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇော်ဝင်းထွန်းနှင့် မဟာအောင်မြေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေနှင့် တာဝန်ရှိသူများမှ ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေနေအား လိုက်လံကြည့်ရူစစ်ဆေးခဲ့သည်။

ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ချမ်းအေးသာစံမြို့နယ် သဘာဝဘေးအန္တရာယ် ကာကွယ်တာဆီးရေးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များမှ သဲအိတ်၊ မျှောတိုင်ဝါးများ ကြိုတင်ပြင်ဆင်နေမှုအခြေနေနှင့် ယခင်နှစ်အမြင့်ဆုံးရေအမှတ် ၁၃၂၄ စင်တီမီတာ ရောက်ရှိခဲ့မှုနှင့် ရေဝင်ရောက်ရှိ နိုင်သည့်အခြေနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ၉ နာရီခွဲအချိန် အထက်ကမ်းနားလမ်းအတိုင်း မဟာအောင်မြေမြို့နယ်သို့ ဆက်လက်ထွက်ခွာသွားပါကြောင်း သိရသည်။


ချမ်းမြေ့မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)