မော်လမြိုင်ကျွန်းမြို့နယ်တွင် လေဘေးသင့် မိသားစုများအား ကယ်ဆယ်ရေးပစ္စည်း၊ ဆန်၊ ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများ ပံ့ပိုးပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် လေဘေးသင့် မိသားစုများအား ကယ်ဆယ်ရေးပစ္စည်း၊ ဆန်၊ ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများ ပံ့ပိုးပေးအပ်



မော်လမြိုင်ကျွန်း၊ ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် အမိုးလန်၊ ပြိုကျပျက်စီးသွားသည့် မိသားစုများအား တာဝန်ရှိသူများက ဆန်၊ ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများအား  ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  (၂၇-၅-၂၀၂၅) ရက်နေ့မှ (၂၉-၅-၂၀၂၅) ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဓနုံးဆိပ်ကျေးရွာ၌ တစ်စိတ်တစ်ပိုင်းပျက်စီးနေသော နေအိမ် (၁) လုံး၊ ကျွန်းပိုးကျေးရွာ၌ ပြိုကျပျက်စီးနေသော နေအိမ် (၁)၊ ကဇောင်းကျေးရွာတွင် ပြိုကျပျက်စီးနေသော နေအိမ် (၁) လုံး၊ ဒေါင်းရေကျော်ကျေးရွာ၌ တစ်စိတ် တစ်ပိုင်းပျက်စီးနေသော နေအိမ် (၁) လုံး၊ ကျားဟုန်း ကျေးရွာ၌ ပြိုကျပျက်စီးနေသော နေအိမ် (၁) လုံး၊ စုစုပေါင်း တစ်စိတ်တစ်ပိုင်းပျက်စီးနေသော နေအိမ် (၂) နှင့် ပြိုကျပျက်စီးနေသော နေအိမ် (၃) လုံး အိမ်ထောင်စု (၅)စု၊ လူဦးရေ (၁၉) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးစက္ကူပုံးပါ (၃) ပုံး၊ ဆန်ရိက္ခါ(၇)ရက်စာ ငွေကျပ်(၉၅၀၀၀)နှင့် အိမ်ဆောက်ပစ္စည်းအတွက် ငွေကျပ် (၃၆၀,၀၀၀) စုစုပေါင်းပံ့ပိုး ငွေကျပ်(၄၅၅,၀၀၀)တိတိကို မိုးသည်း ထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခိုက်၍ နေအိမ်ပြိုကျပျက်စီးမှုနှင့် တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးခဲ့သည့် မိသားစုများအား ယနေ့ နံနက် (၁၀: ၃၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခင်မောင်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းနှင့် ဝန်ထမ်းများ၊ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေး စာရေးတို့နှင့်အတူ  လေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ပံ့ပိုးပေးအပ်ခဲ့ကြာင်း သိရသည်။


ရဲကိုမောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)